သာကေတ မြခွာညိုအိမ်ရာရှေ့တွင် Taxi နှင့် လက်တွန်းလှည်းတိုက်မိကာ (၃)နှစ်အရွယ်ကလေးငယ်နှင့် အမျိုးသမီး (၁) ဦး ဒဏ်ရာရ

0
207

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ဧရာဝဏ် လမ်းမကြီးပေါ်ရှိ မြခွာညိုအိမ်ရာဝင်းရှေ့တွင် ‌ဧရာဝဏ်လမ်းမကြီးအတိုင်းမောင်းနှင်လာသည့် အငှားယာဉ်(Taxi)နှင့် လက်တွန်းလှည်းတို့ တိုက်မိသည့်ဖြစ်စဉ်တစ်ခု ဧပြီ (၃၀) ရက်ည (၉) နာရီကျော်ခန့်က ဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယင်းကဲ့သို့ တိုက်မိခဲ့သဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ မိတ်ဖက်အသင်းများနှင့်အတူ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“လက်တွန်းလှည်းတွန်းလာတဲ့ အသက်(၃၀) လောက်ရှိတဲ့ အမျိုးသမီးရယ်၊ အသက် (၃) နှစ်လောက်ရှိတဲ့ ကလေးတစ်ယောက်ရယ် ဒဏ်ရာရသွားပါတယ်။ နှစ်ယောက်လုံးက မစိုးရိမ်ရ ဒဏ်ရာရတာပါ”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးအား မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် Happy လူမှုကူညီရေးအသင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here