မင်းဘူးမြို့နယ်အတွင်းမှ မီးဘေးသင့် အိမ်ထောင်စုများအတွက် ယာယီနေအိမ်များ အခမဲ့ဆောက်လုပ်ပေးလျက်ရှိ

0
165

မကွေးတိုင်း အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ မင်းဘူး(စကု)မြို့နယ်၊ ခန်ကုန်းကျေးရွာမှ မီးဘေးသင့် အိမ်ထောင်စုများအတွက် ယာယီနေအိမ် (၃၁) လုံးအား အခမဲ့ဆောက်လုပ်ပေးလျက်ရှိသည်။

ခန်ကုန်းကျေးရွာ၌ ဧပြီ (၂) ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု (၃၄) စုမှ အိမ်ခြေ (၃၂) လုံးပျက်စီး ဆုံးရှုံးခဲ့ကာ မီးဘေးသင့်ပြည်သူ လူဦးရေ (၁၄၈) ဦးမှာ ယာယီကယ်ဆယ်ရေးစခန်းတွင် နေထိုင်ရလျက်ရှိကြောင်း သိရသည်။

အဆိုပါ မီးဘေးသင့် ပြည်သူများအား မြို့နယ်သစ်တောဦးစီးဌာနမှ မကွေးတိုင်းအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် (၁၄)ပေပတ်လည် ထရံကာ၊ သက္ကယ်မိုး၊ ဝါးကြမ်းခင်း မြေစိုက်ယာယီနေအိမ်နှင့် အိမ်သာများအား ဧပြီ (၁၇) ရက်မှ စတင်၍ ဆောက်လုပ်ပေးလျက်ရှိရာ လက်ရှိတွင် (၅) လုံးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းထည် ဆောက်လုပ်ပြီးစီးပြီဖြစ်သည့် နေအိမ် (၂၉) လုံးအား မေလ (၁၅) ရက်တွင် အားလုံးပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မီးဘေးသင့် အိမ်ထောင်စုများအတွက် မြေနေရာနှင့်လမ်းအကျယ်သတ်မှတ်ပေးခြင်း၊ လျှပ်စစ်မီးပြန်လည်ရရှိရေး၊ သောက်သုံးရေရှိရေး၊ အိမ်ဆောက်စရိတ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ၊ ရာသီအလိုက်သီးနှံများအချိန်မီစိုက်ပျိုးနိုင်ရန် သီးနှံမျိုးစေ့များ၊ အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်များအပြင် အခြားလိုအပ်သည့် ပံ့ပိုးကူညီမှုများကိုလည်း သက်ဆိုင်ရာဌာနများက လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here