အညာသူမလေး ဖြိုးရည်မျိုး ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားအတွေ့ အကြုံ

0
528

phyoeyemyo1

သရုပ်ဆောင်ဖြိုးရည်မျိုးပါဝင်သရုပ်ဆောင်ထားတဲ့ ” နှစ်ယောက်တစ်ဘဝ ” ရုပ်ရှင်ဇာတ်ကားကြီးလည်း မကြာခင်ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာ နေမင်း၊ ကောင်းပြည့်၊ ခိုင်သင်းကြည်တို့ ပါဝင်သရုပ်ဆောင်ထားကြပြီး သူမ ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် အခက်အခဲတွေလည်းအများကြီးကြုံခဲ့ရကြောင်းပြောတဲ့ ဖြိုးရည်မျိုးက အတတ်နိုင်ဆုံးတော့ ကြိုးစားသရုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

” အသစ်ဆိုတော့ ကြောက်ကလည်းကြောက်တယ်။ ဒါရိုက်တာ ဦးဇော်သင်ပြပေးတဲ့အပေါ်မှာ အတတ်နိုင်ဆုံးကြိုးစားခဲ့ပါတယ်။အဲ့ဒီဇာတ်ကားမှာ ညီမက တောသူ တစ်ယောက်အနေနဲ့ သရုပ်ဆောင် ရတယ်။ ညီမကိုယ်တိုင်ကလည်း အညာသူဆိုတော့ ပိုပြီးသင့်တော်သလို ဖြစ်သွားတာပေါ့။ ရုပ်ရှင် ဇာတ်ကားကြီးဖြစ်တော့ တာဝန် လည်းကြီးတယ်။ မလုပ်နိုင်မှာ လည်းစိုးတယ်။ အတတ်နိုင်ဆုံး ဒီစိတ်ကို ဖျောက်ပြီး ကြိုးစားခဲ့ပါတယ်” လို့ ဖြိုးရည်မျိုးက ပြောပါတယ်။

ဖြိုးရည်မျိုးက နောက်ပိုင်းမှာလည်း ဇာတ်ကားတွေ တောက်လျှောက်ရိုက်ကူးသွားဖို့ ရှိ ပြီး ကိုယ်တိုင်လည်း အေးတဲ့သူ ဖြစ်တဲ့အတွက် ရိုးရိုးအေးအေးနဲ့ သရုပ်ဆောင်ရတဲ့ ကာရိုက်တာက သူ့အတွက် ပိုလိုက်ဖက်တယ် ထင် တယ်လို့ပြောပါတယ်။ အနုပညာ သက်တမ်း နှစ်နှစ်ရှိလာပြီဖြစ်တဲ့ ဖြိုးရည်မျိုးက သူ့ဇာတ်ကားတွေကို ပရိသတ်တွေ သဘောကျတဲ့ အတွက်လည်း ဝမ်းသာမိတယ်လို့ဆို ပါတယ်။

” ပရိသတ်ရဲ့ ဝေဖန်သံတွေကိုလည်း အမြဲနားထောင်ဖြစ်ပါတယ်။ အနုပညာလောကဆိုတာ လွယ်လွယ်နဲ့လည်း အောင်မြင်မှုမရပါဘူး။ ညီမက တစ်ကားထက် တစ်ကားကောင်းအောင် အတတ်နိုင်ဆုံးကြိုးစားပြီး သရုပ်ဆောင်သွားမှာပါ။ ရှေ့ဆက်ပြီးလည်း စိတ်ဓာတ်မကျဘဲ အကောင်းဆုံးကြိုးစားသွားမှာပါ” လို့ ဖြိုးရည်မျိုးက ပြောပြခဲ့ပါတယ်။

တွယ်တာ
ဓာတ်ပုံ အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here