သာကေတ အနော်မာရေကန်အတွင်း၌ သေဆုံးနေသည့် ပိုင်ရှင်မဲ့အလောင်း တွေ့ရှိ

0
179

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ် (၁) ရပ်ကွက်အတွင်းရှိ အနော်မာကန်အတွင်း၌ သေဆုံးနေသည့် ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း အောင်နိုင်သူလူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့ မေလ (၁) ရက် နေ့လယ် (၁) နာရီ ဝန်းကျင်အချိန်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ အိမ်ခြေမဲ့တစ်ဦး ဖြစ်နိုင်သည့်အပြင် ပြင်ပဒဏ်ရာ တစ်စုံတရာ မတွေ့ရှိရကြောင်း သိရသည်။

” ကျွန်တော်တို့ဆီကို ရဲကဖုန်းဆက်လာတယ်။ အလောင်းတစ်လောင်းပေါ်လာတယ်။ လာဆယ်ပေးပါဆိုလို့ သွားဆယ်ပေးတာပါ။ ပုံစံကြည့်ရတာတော့ အိမ်ခြေမဲ့ ပုံစံပါ။ ဒဏ်ရာကတော့ တစ်ချက်မှ မရှိဘူး။ သောက်စားထားပြီးပြုတ်ကျတယ်လို့ ထင်တယ်။ အဲဒီနားမှာ ခင်းထားတဲ့ဖျာလေးတစ်ချပ်တော့ တွေ့တယ်” ဟု အောင်နိုင်သူလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းအား သာကေတမြို့နယ် လူမှုကူညီရေးအသင်း၏ နာရေးကားဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ညွှန်ကြားချက်အတိုင်း စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here