တောင်ဥက္ကလာပမြို့နယ် (၁၃) ရပ်ကွက် မီးလောင်ကျွမ်းမှု နေအိမ် (၃) လုံးခန့် မီးလောင်ဆုံးရှုံး

0
199

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၃)ရပ်ကွက်၊ဂရုဏာ (၄) လမ်းတွင် ယနေ့ မေလ (၁) ရက် ည(၇)နာရီဝန်းကျင်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန် မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် လူမှုကူညီရေးအသ င်းများထံမှ သိရသည်။

အဆိုပါ မီးလောင်မှုအား Level (1) အဆင့် သတ်မှတ်ကာ
တောင်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည (၇) နာရီ (၁၅) မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး နေအိမ် (၃) လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“မီးလောင်ချိန်က (၁၅) မိနစ်လောက်ပဲကြာတယ်။ အချိန် မီငြှိမ်းသတ်နိုင်ခဲ့လို့ ဆုံးရှုံးမှုမများတာပါ။ ဖြစ်စဥ်ကို မီး သတ်က စစ်ဆေးနေတယ်။ ဆုံးရှုံးမှုတန်ဖိုးကိုလည်း စစ် ဆေးနေပါတယ်။ နေအိမ် (၃) လုံးတော့ မီးလောင်ပျက်စီးတာကို တွေ့ရတယ်”ဟု ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့သည့် လူ မှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဓာတ်ပုံ – သုခကာရီ လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here