ဆူဒန်ပဋိပက္ခကြောင့် သေဆုံးသူ ၅၀၀ ကျော်ပြီဖြစ်

0
148

ခါတွမ်၊မေ ၁

ဆူဒန်၌ဖြစ်ပွားနေသည့်ပဋိပက္ခများကြောင့် သေဆုံးသူလူဦးရေသည် ၅၂၈ ဦးအထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရှိရသည်။ထို့ပြင် ဧပြီ ၁၅ ရက်မှ ၂၇ ရက်အတွင်း ဒဏ်ရာရရှိသူ‌များလည်း ၄,၅၉၉ ဦး အထိ ရှိလာပြီဖြစ်သည်ဟုဆိုသည်။

ဆူဒန်၏ပြည်နယ် ၁၈ ခုအနက် ၁၂ ခု၌ ပဋိပက္ခများဖြစ်ပွားနေလျက်ရှိပြီး သုံးရက်ကြာသဘောတူညီထားသည့် အပစ်အခတ်ရပ်စဲရေးပြည့်ပြီးနောက် စနေနေ့မှစကာ ပစ်ခတ်မှုများပြန်လည်ဖြစ်ပေါ်လျက်ရှိသည်ဟုလည်းသိရသည်။

ဧပြီလ ၁၅ ရက်နေ့မှစတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဆူဒန်နိုင်ငံတွင်းရှိ နိုင်ငံခြားသားအမြောက်အမြားသည်လည်း ၎င်းတို့၏သက်ဆိုင်ရာနိုင်ငံများသို့ အသီးသီးပြန်လည်ထွက်ခွာသွားကြပြီဖြစ်ကြောင်းသိရှိရသည်။

ဆူဒန်၌ စစ်တပ်၏လုံခြုံရေးပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်၍ တပ်မတော်နှင့်လက်နက်ကိုင်အဖွဲ့များကြား မကြာသေးမီလများအတွင်း သဘောထားကွဲလွဲမှုများပေါ်ပေါက်ခဲ့ရာမှ ယခုကဲ့သို့ ပဋိပက္ခများဖြစ်ပေါ်ခဲ့ရခြင်းလည်းဖြစ်သည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here