မလေးရှား အနီး ရေနံတင်သင်္ဘောတစ်စင်း မီးလောင် ၊ သင်္ဘောသား သုံးဦး ပျောက်ဆုံး

0
210

ကွာလာလမ်ပူ၊ မေ ၁

မလေးရှားနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်း အလွန်ရှိ ပင်လယ်ရေပြင် အနီးနားတွင် မေလ ၁ ရက် တနင်္လာနေ့က ရေနံတင်သင်္ဘောတစ်စီး မီးလောင်ရာ အမှုထမ်းသုံးဦး ပျောက်ဆုံးနေကြောင်း မလေးရှား ရေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ သင်္ဘောသည် သင်္ဘောအမှုထမ်း ၂၈ ဦးနှင့်အတူ တရုတ်နိုင်ငံမှ စင်္ကာပူသို့ ထွက်ခွာနေစဉ် မီးလောင်ခဲ့ခြင်းဖြစ်ပြီး အမှုထမ်း ၂၃ ဦးကိုမူ မလေးရှား ရေကြောင်း ထိန်းသိမ်းရေး အေဂျင်စီ (MMEA) နှင့် အနီးနားရှိ သင်္ဘောများက ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

သင်္ဘော မီးလောင်မှုနှင့် ပတ်သက်၍ ညနေ ၄ နာရီတွင် သတိပေးချက်ရရှိခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း MMEA က ပြောကြားခဲ့သည်။

ထိုသင်္ဘောမှာ အမ်တီ ပါဘလို အမည်ရ ဂေဘွန်မှတ်ပုံတင် သင်္ဘောဖြစ်သည်ဟု တာဝန်ရှိသူများက ပြောခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here