ဗုဒ္ဓမြတ်စွယ်တော်နှစ်ဆူ ကိန်းဝပ်စံပယ်မည့် တောင်ငူမြို့ ရွှေဆံတော် စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိကျောင်းတော်သို့ ပင့်ဆောင်ပူဇော်

0
201

သီရိလင်္ကာနှင့် တရုတ်နိုင်ငံတို့မှ ပွားယူပင့်ဆောင်ထားသည့် ဗုဒ္ဓမြတ်စွယ်တော်နှစ်ဆူအား မေ (၁) ရက်နံနက်ပိုင်းက ကိန်းဝပ်စံပယ်တော်မူမည့် ပဲခူးတိုင်း၊ တောင်ငူမြို့၊ ရွှေဆံတော် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ခဲ့ကြောင်း သိရသည်။

ဗုဒ္ဓမြတ်စွယ်တော်နှစ်ဆူအား ခေတ္တကိန်းဝပ်စံပယ်တော်မူသည့် သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်မှတဆင့် တောင်ငူမြို့အတွင်း လှည့်လည်အပူဇော်ခံပြီး စွယ်တော်မြတ်စံကျောင်းတော်သို့ ပင့်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ဗုဒ္ဓစွယ်တော်ပွားနှစ်ဆူအား သီတဂူဆရာတော်ကြီး အမှူးပြုသည့် သံဃာတော်များက တရုတ်နိုင်ငံရှိ ဗုဒ္ဓမြတ်စွယ်တော်၊ လက်ညှိုးအရိုးဓာတ်တော်နှင့် သီရိလင်္ကာနိုင်ငံရှိ ဗုဒ္ဓမြတ်စွယ်တော်များထံ ရင်ငွေ့လှုံကာ ပွားယူပင့်ဆောင်ပူဇော်ခဲ့ကြခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here