တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ် (၁) ပေါ်တွင် မြန်မာနိုင်ငံသူတစ်ဦး ဦးနှောက်သွေးကြောပေါ က်ကာ လဲကျသေဆုံး

0
307

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်မြို့ရှိ တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ် (၁) ပေါ်တွင် ယ နေ့ မေ (၂) ရက် နံနက် (၉) နာရီခန့်က အသက်(၅၇) နှစ်အရွယ်ရှိ မြန်မာနိုင်ငံသူတစ်ဦး လဲကျသေဆုံးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၊ အောင်ချမ်းသာ ရပ်ကွက်တွင်နေထိုင်သည့် ဒေါ်ခင်မာရီ (၅၇) နှစ်သည် သားဖြစ်သူနှင့် အတူ မယ်ဆိုင်မြို့သို့ သွားရောက်လည်ပတ်ရန် ချစ်ကြည်ရေးတံတား အမှတ် (၁) ပေါ်၌ လမ်းလျှောက်ဖြတ်သန်းနေစဥ် လဲကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သားအမိနှစ်ယောက် မယ်ဆိုင်ကိုသွားလည်ဖို့ တံတားပေါ်ဖြတ်နေရင်း လဲကျသွားတာ။ သူကသွေးတိုးအခံလ ည်းရှိတယ်လို့ သိထားတယ်။ TBP ကဒ်လုပ်ပြီး အထွက်လမ်းနည်းနည်းပဲ လျှောက်ရသေးတယ်။ လဲကျသွားတာ” ဟု လူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ လဲကျသွားသည့်အတွက် ဒေါ်ခင်မာရီအား တာချီလိတ် ခရိုင်ပြည်သူ့ဆေးရုံသို့ နီးစပ်ရာသုံးဘီးဆိုင်ကယ်ဖြင့်ပို့ဆောင်၍ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရာ ဦးနှောက်သွေးကြောပေါက်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြော င်း စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရှိခဲ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here