လှည်းကူးမြို့တွင် ရေဆင်းခပ်ရာမှ ကိုရင်တစ်ပါး မြောင်းအတွင်း ပြုတ်ကျကာ ပျံတော်မူ

0
263

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ယနေ့ မေလ (၂) ရက် နံနက်ပိုင်းက ရေဆင်းခပ်ရာမှ ကိုရင်တစ်ပါး မြောင်းအတွင်းပြုတ်ကျပြီး ရေနစ်ကာ ပျံတော်မူသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

လှည်းကူးမြို့၊ ကလီထော် အနောက်ကျေးရွာ၊ မဟာဝိဟာရ ကျောင်းတိုက်အနီး၊ ရေသန့်ဆည်မြောင်းအတွင်းသို့ ကျောင်းနေစာသင်သား ကိုရင်တစ်ပါးသည် ယနေ့နံနက် ၈ နာရီ ၂၀ မိနစ်ခန့်က ရေဆင်းခပ်ရာမှ မြောင်းအတွင်းပြုတ်ကျပြီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေနစ်ပျောက်ဆုံးသွားသော ကိုရင်အား လှည်းကူးမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် (၁၁) နာရီ (၄၀) မိနစ် အချိန်တွင် သေဆုံးလျက် ရှာဖွေတွေ့ရှိခဲ့သည့်အတွက် လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here