တာမွေပလာဇာရှေ့ရှိ ပလက်ဖောင်းဘေးတွင် အမျိုးသားတစ်ဦးသေဆုံးနေ

0
340

ရန်ကုန်မြို့တာမွေပလာဇာရှေ့ရှိ ပလက်ဖောင်းဘေးတွင် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း မြန်မာမွတ်စလင် ပရဟိတအဖွဲ့မှ သိရသည်။

ယနေ့ မေလ ( ၂)ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းရှိ တာမွေပလာဇာရှေ့၊ ပလက်ဖောင်းဘေးတွင် အသက် (၃၃) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူအမျိုးသားသည် တာမွေကြီး (က+ဂ) ရပ်ကွက်၊ (၁၅၆ ) လမ်းတွင် နေထိုင်သည့် ကိုဝင်းအောင်ကို(အသက် ၃၃နှစ်)ဖြစ်ကြောင်း ကူညီပေးခဲ့သည့် လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံ ရေခဲတိုက်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here