EV ယာဉ်များ တင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်သက်တမ်း ထပ်တိုးပေး

0
250

ဘက်ထရီမှ လျှပ်စစ်စွမ်းအင်ကို ရယူမောင်းနှင်သည့် ဘက်ထရီလျှပ်စစ်သုံးယာဉ် (BEV) ၊ ဆက်စပ်ပစ္စည်းများနှင့် အပိုပစ္စည်းများ တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်း သုညရာခိုင်နှုန်း လျှော့ချသတ်မှတ်ခြင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကုန်အထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။

စီမံ/ဘဏ္ဍာဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအရ လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ပမှ Completely Built Up – CBU စနစ်၊ Completely Knocked Down-CKD စနစ်နှင့် Semi-Knocked Down-SKD စနစ်တို့ဖြင့် တင်သွင်းသည့် လျှပ်စစ်သုံးယာဉ်များကို အခွန်ဆက်လက်ကောက်ခံခြင်းမပြုရန် အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယာဉ်အမျိုးအစားများတွင် နောက်တွဲယာဉ်ကို ဆွဲသည့်ယာဉ်၊ (၁၀)ဦးနှင့် အထက် စီးနင်းနိုင်သော ခရီးသည်တင်မော်တော်ယာဉ်၊ ကုန်တင်ယာဉ်၊ လူစီးယာဉ်၊ သုံးဘီးယာဉ်(လူစီး)၊ သုံးဘီးတပ်ယာဉ်(ကုန်တင်)၊ လူစီးနှစ်ဘီးတပ် လျှပ်စစ်မော်တော်ဆိုင်ကယ်၊ လူစီးနှစ်ဘီးတပ် လျှပ်စစ်စက်ဘီး၊ လူနာတင်ယာဉ်၊ အချုပ်ကားနှင့် နိဗ္ဗာန်ယာဉ်တို့ပါဝင်ကြောင်း သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာသည် ၂၀၂၃ ခုနှစ် ဧပြီလ (၁) ရက်မှ ၂၀၂၄ ခုနှစ် မတ်လ (၃၁) ရက်အထိ အကျိုးသက်ရောက်စေရမည်ဟု အကောက်ခွန်နှုန်း လျှော့ချသတ်မှတ်ခြင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here