ဆီးဂိမ်းစ် အဖွင့်ပွဲစဉ်တွင် မြန်မာအသင်း အနိုင်ရရှိ

0
277

ဆီးဂိမ်းစ် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (က) ၏ ပွဲစဉ်အဖြစ် မြန်မာယူ ၂၂ အသင်းနှင့် အရှေ့တီမောအသင်းတို့ ယနေ့ မေ ၂ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည်။

ထို့သို့ယှဉ်ပြိုင်ရာတွင် မြန်မာအသင်းက အရှေ့တီမောအသင်းကို တစ်ဂိုး ဂိုးမရှိ ရလဒ်ဖြင့်အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းသည် ပထမပိုင်းတွင် ဂိုးမရှိသရေကျနေခဲ့ပြီး ဒုတိယပိုင်း ပွဲကစားချိန် ၇၃ မိနစ်တွင် သက်ဟိန်းစိုး၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့်သာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အိမ်ရှင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တီမောအသင်းတို့နှင့် အုပ်စု(က)အတွင်း ကျရောက်နေပြီး မေလ ၄ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် ထပ်မံ ရင်ဆိုင်ရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here