မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ၊ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းအောက်ရှိ ပူးပေါင်းဆောင်ရွက်မှုစီမံ ကိန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်မည်

0
230

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့်တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်း တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့်တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်း တို့ဦးဆောင်၍ မေ ၂ ရက်ည ၆ နာရီ ၄၀ မိနစ်က မြန်မာ - တရုတ် နှစ်နိုင်ငံဆွေး နွေးပွဲကျင်းပရာ၌ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံ၏ ပြည်တွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာ-တရုတ်နိုင်ငံ နှစ်နိုင်ငံကြားရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးပိုမိုတိုးတက်ခိုင် မာရေး၊ နှစ်နိုင်ငံကြား အကောင်အထည်ဖော်လျက်ရှိသည့် စီမံကိန်းများနှင့်မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ၊ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအောက်ရှိ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက်နီးကပ်စွာဆက် လက်ပူးပေါင်းဆောင်ရွက်ရေး၊ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံ၊ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့်ကုလသမဂ္ဂတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ဒေသတွင်းနှင့်နိုင်ငံတကာအကျိုးတူကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်းဦးဆောင်သည့် ကိုယ် စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၏ ဖိတ်ကြားချက်အရ မေ ၂ ရက်မှ ၄ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး မေ ၂ ရက်မွန်းလွဲပိုင်းကလည်း နစက ဥက္ကဋ္ဌနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here