ချမ်းအေးသာစံမြို့နယ်တွင် ၃ ထပ်တိုက်တစ်လုံး၏ ဒုတိယထပ်တွင်မီးလောင်မှုဖြစ်ပွား

0
223

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊ ၉၀ လမ်းနှင့် ၃၀ လမ်းထောင့်ရှိ ၃ ထပ်တိုက်တစ်လုံး၏ ဒုတိ ယထပ်တွင် မေ ၃ ရက်နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

၃ ထပ်တိုက်၏ ဒုတိယထပ်တွင်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်း၊အရန်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

“မီးငြှိမ်းချိန် ၁၅ မိနစ်ကျော်လောက်ကြာပါတယ် ဒုတိယထပ်မှာလောင်တာပါ ဘေးအိမ်တွေကိုကူးစက်တာမရှိသလို ထိခိုက်ဒဏ်ရာရတာလည်းမရှိပါဘူး ဖြစ်စဥ်ကို မီးသတ်ကစစ်ဆေးနေပါတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

မီးလောင်ကျွမ်းမှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁၀ နာရီ ၂၉ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၀ နာရီ ၃၁ မိနစ်၌ မီးငြိမ်းသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

Photo-Than Htay


LEAVE A REPLY

Please enter your comment!
Please enter your name here