ပုဒ်မ ၅၀၅ (က) ဖြင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား (၃၀၀) ကျော် အင်းစိန်အကျဉ်းထောင်မှ ပြန်လွတ်

0
170

ယနေ့ မေလ (၃) ရက် ‌နံနက်ပိုင်းက လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် အကျဉ်းသား (၂၀၀၀) ကျော်ပြန်လွတ်ပေးခဲ့ရာ အင်းစိန်အကျဉ်းထောင်မှ (၃၀၀) ကျော် ပြန်လည် လွတ် မြောက်လာကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံရေးပုဒ်မ ၅၀၅ (က) ဖြင့် အကျဉ်းကျနေသည့် အကျဉ်းသား ၂၁၅၃ ဦးကို နစ က က ယနေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး အင်းစိန် အကျဉ်း ထောင်မှ အကျဉ်းသား (၃၂၀) ဝန်းကျဉ်ပြန်လည် လွတ်မြောက်ခဲ့ကြောင်း လွတ်မြောက်လာသူများ ပြောပြသည့် စာရင်းများအရ သိရသည်။

လက်ရှိ အချိန်တွင် အင်းစိန်အကျဉ်းထောင်အတွင်းမှ ပြန်လည် လွတ်မြောက်လာသူများတွင် ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းမှ ဦးကျော်အောင်နှင့် ကျောင်း သားခေါင်းဆောင်တချို့လည်း ပြန်လည်တို့ ပြန်လည် ပါဝင်လာသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဧပြီလ (၁၇) ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ကလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသား ၃၀၀၀ ကျော် ပြန်လွှတ်ပေးခဲ့ပြီး အားလုံးနီးပါးသည် မူး ယစ်ဆေးဝါးမှု၊ တပ်ပြေးမှု၊ ရဲပြေးမှုများဖြင့် ထောင် ကျခံနေရသူများ ဖြစ်ကြောင်း အင်းစိန်အကျဉ်းဦးစီးနှင့် နီးစ ပ်သူများထံမှ သိရသည်။

အင်းစိန်အကျဉ်းထောင်အတွင်း ပုဒ်မ ၅၀၅ (က) ဖြင့် အ ကျဉ်းကျခံနေရသူများထဲတွင် ဝါရင့်နိုင်ငံရေးသမားများ၊ အနုပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများ ပါဝင်နေပြီး အခြားပုဒ်မများပါ တွဲ၍ အမှုဖွင့်ခံထားရသူများ ယ နေ့ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာနိုင်ခြေနည်းကြောင်း နီးစပ်သူများထံမှ စုံစမ်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here