သေဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသား၊ အကျဉ်းသူ ၃၈ ဦးကိုထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲချမှတ်

0
174

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် သေဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသား၊ အကျဉ်းသူ (၃၈) ဦးကို သေဒဏ်မှ လွတ်ငြိမ်းခွင့်ပြုပြီး ထောင်ဒဏ်တစ်သက်အဖြစ်ပြောင်းလဲချမှတ်လိုက်ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌမှ မေ ၃ ရက်(ယနေ့-ကဆုန်လပြည့်နေ့)တွင်ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးတွင် သေဒဏ်ချမှတ်ခြင်းခံထားရသော အကျဉ်းသား အကျဉ်းသူ (၃၈) ဦးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) အရ ချမှတ်ခံထားရသည့် သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု၍ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံစေခြင်းလည်းဖြစ်သည်။

ထိုသို့ သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခြင်းအား အမိန့်အမှတ် ၃၂/၂၀၂၃ ဖြင့် အမိန့်အရ နစက အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးမှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတဝန်းရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူ ၂၁၅၃ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ရန်ကုန် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား (၃၀၀) ကျော် ပြန်လွတ်လာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here