Space X ဒုံးလွှတ်စင် မိုးကြိုးပစ်ခံရ

0
221

ပြီးခဲ့သည့် ဧပြီ ၂၇ ရက်နေ့က SpaceX Falcon Heavy ဒုံးပျံအား လွှတ်တင်ရန် စောင့်ဆိုင်းနေကြစဉ် ဒုံးလွှတ်စင်ဆီသို့ မိုးကြိုးထိမှန်သော ဗီဒီယိုဖိုင် ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသည်။

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ရှိ နာဆာ၏ ကနေဒီအာကာသစင်တာသည် ပြင်းထန်သည့် ရာသီဥတုကို ရင်ဆိုင်ခဲ့ရပြီး၊ SpaceX Falcon Heavy ဒုံးပျံလွှတ်တင်ရန် စောင့်ဆိုင်းနေစဉ် မိုးကြိုးနှင့် လေဆင်နှာမောင်းများကိုပါ ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

ကနေဒီအာကာသစခန်း၏ Launch Complex 39A (LC-39A) ဒုံးလွှတ်စင်ထိပ်ဖျားရှိ မိုးကြိုးလွှဲဆီသို့ မိုးကြိုးပစ်ခြင်းကို ယင်းပတ်ပတ်လည်ရှိ ကင်မရာများက မှတ်တမ်းတင်ရိုက်ကူးမိထားခြင်းဖြစ်သည်။ သို့ရာတွင် မိုးကြိုးလွှဲများတပ်ဆင်ထားခြင်းကြောင့် ဒုံးပျံကို မိုးကြိုးသက်ရောက်ခြင်း မရှိခဲ့ချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here