ဆူဒန်အား လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးနိုင်ရန်ဗြိတိန်စီစဉ်နေဟုဆို

0
162

လန်ဒန်၊မေ ၂

ဗြိတိန်သည် ၎င်း၏ နိုင်ငံသားများကို ဆူဒန်မှပြန်ခေါ်သွားပြီးနောက် နိုင်ငံတကာမဟာမိတ်များ၊ကုလသမဂ္ဂနှင့် အင်န်ဂျီအိုအဖွဲ့များနှင့်ညှိနှိုင်းကာ ဆူဒန်သို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပေးအပ်ရန် နည်းလမ်းများကို ရှာဖွေနေကြောင်း မေ ၁ ရက်ကပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ ဗြိတိန်နိုင်ငံသား ၂,၁၉၇ ဦးအား ကူညီရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ဖြစ်ကာ ထွက်ခွာသွားသူများအပါအဝင် ကျန်ဗြိတိန်နိုင်ငံသားများအား ကောင်စစ်ရေးရာ အကူအညီပေးရန် ဆူဒန်ဆိပ်ကမ်း၌ အဖွဲ့တစ်ဖွဲ့ထူထောင်ထားကြောင်းလည်းသိရသည်။

ဆူဒန်ပဋိပက္ခကြောင့် ကမ္ဘာအရပ်ရပ်မှနိုင်ငံများသည် ဆူဒန်နိုင်ငံတွင်းရှိ ၎င်းတို့၏နိုင်ငံသားများအား အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းကယ်တင်မှုများပြုလုပ်ခဲ့ပြီး တစ်ပတ်အတွင်းအနည်းဆုံး လူဦးရေ ၈၀၀,၀၀၀ ခန့် ဆူဒန်မှထွက်ခွာသွားကြောင်းကုလ၏ တွက်ချက်မှုအရသိရသည်။

ဗြိတိန်သည်လည်း ၎င်း၏နိုင်ငံသား ၄,၀၀၀ အပြင် အမေရိကန်၊အိုင်ယာလန်၊နယ်သာလန်၊ကနေဒါ၊ဂျာမနီနှင့်ဩစတြေးလျနိုင်ငံများမှ စုစုပေါင်းလူဦးရေ ၁,၀၈၇ ဦးကိုလည်းကယ်တင်ခဲ့ကြောင်းဆိုခဲ့သည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးက တော်ဝင်ရေတပ်သင်္ဘောတစ်စင်းသည် ဆူဒန်ဆိပ်ကမ်း၌ ဆက်ရှိနေမည်ဖြစ်ပြီး ထောက်ပံ့ကူညီမှုများကို ဆက်လုပ်နေမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

သို့သော်အခြေအနေမှာ မငြိမ်မသက်ဖြစ်နေဆဲဖြစ်ပြီး ၎င်းတို့၏ကူညီရွှေ့ပြောင်းပေးနိုင်စွမ်းသည်လည်း အချိန်တိုအတွင်းပြောင်းလဲသွားနိုင်သည်ဟု ဗြိတိန်အစိုးရကသတိပေးထားသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here