ယုံကြည်သူများကို ယေရှုနှင့် တွေ့နိုင်ရန် အသက်သေသည်အထိ အစာငတ်ခံခိုင်းခဲ့သော ကင်ညာဘာသာရေးခေါင်းဆောင် တရားရင်ဆိုင်နေရ

0
184

ယုံကြည်သူများအား အသက်သေဆုံးသည်အထိ အစာအငတ်ခံရန် လှုံဆော်ခဲ့သော ကင်ညာနိုင်ငံမှ မိမိကိုယ်ကို မိမိ ဘာသာရေးခေါင်းဆောင် ဟု ခေါ်ဆိုသူ တစ်ဦးသည် အကြမ်းဖက်မှုနှင့် ကလေးလူကုန်ကူးမှု အပါအဝင် နောက်ထပ်စွဲချက်များဖြင့် တရားရင်ဆိုင်နေရကြောင်း သိရသည်။

ပေါ အန်သန်ဂေ မက်ကန်ဇီသည် ကောင်းသတင်း နိုင်ငံတကာ ဘုရားကျောင်းကို တည်ထောင်ခဲ့သူဖြစ်ပြီး သူ့အားယုံကြည်သော နောက်လိုက်များကို ယေရှုနှင့် တွေ့ဆုံနိုင်ရန်အတွက် အသက်ဆုံးရှုံးသည်အထိ အစာငတ်ခံရမည်ဟု လှုံဆော်ခဲ့ကြောင်း သိရသည်။

ထို့သိုဟောပြောမှုကြောင့် ယခုအချိန်အထိ လူပေါင်း ၁၀၉ ဦး အထိ အသက်ဆုံးရှုံးခဲ့ပြီဟု အတည်ပြုထားပြီး ထိုထဲမှ အများစုမှာ ကလေးငယ်များဖြစ်သည်။

အဆိုပါအမှုမှာ ပြီးခဲ့သည့်လတွင် မာလင်ဒီမြို့အနီးရှိ တောအုပ်တစ်ခု၌ အမည်မသိ အုတ်ဂူအများအပြားကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် လူအများက ထိုအမှုကို ရှာကာဟိုလာ တောအုပ်ရှိ အစုအပြုံလိုက် လူသတ်မှုဟု အမည်ပေးထားသည်။

ပထမဆုံး ရှာတွေ့ခဲ့သည့် လူ ၁၀ ဦးကိုမူ အစာငတ်ပြတ်မှုနှင့် အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် သေဆုံးခဲ့ရကြောင်း အာဏာပိုင်များက အတည်ပြုထားသည်။

ထိုအမှုနှင့် ပတ်သက်၍ မက်ကန်ဇီကို မေလ ၂ ရက် အင်္ဂါနေ့တွင် မာလင်ဒီမြို့ရှိ တရားရုံး၌ ရုံးတင်ခဲ့သည်။ လက်ရှိတွင်မူ ထိုအမှုအား ကင်ညာ၏ ဒုတိယအကြီးဆုံး မြို့တော် မွန်ဘာစာသို့ လွှဲပြောင်းပေးထားပြီး တရားသူကြီးများ၏ ပြောကြားချက်အရ မက်ကန်ဇီအပါအဝင် သံသယရှိသူများသည် အဆိုပါ တရားရုံးတွင် အကြမ်းဖက်မှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှုနှင့် ကလေးသူငယ်များအပေါ် ရက်စက်ကြမ်းကြုတ်မှုအပြင် အခြားရာဇဝတ်မှုများနှင့်ပါ တရားရင်ဆိုင်သွားရမည်ဖြစ်သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here