ရှေးဟောင်း မီးတောင်ပေါင်း ၂သောင်းနီးပါးကို သမုဒ္ဒရာအောက်ခြေတွင် ရှာဖွေတွေ့ရှိ

0
321

ကယ်လီဖိုးနီးယားရှိ Scripps Institution of Oceanography မှ ဘူမိသိပ္ပံပညာရှင် Julie Gevorgian ဦးဆောင်သော သုတေသီအဖွဲ့တစ်ဖွဲ့သည် သမုဒ္ဒရာအောက်ခြေတွင် ရှေးခေတ်ကတည်းက တည်ရှိနေသော မီးတောင် ၁၉၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ဂြိုဟ်တုမှ ရရှိသော အချက်အလက်များကို အသုံးပြု၍ ထိုသို့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ဒီ မီးတောင်တွေကို တွေ့ရှိတာဟာ မယုံနိုင်လောက်အောင်ပါပဲ”ဟု Julie Gevorgian က Newsweek မဂ္ဂဇင်းသို့ပြောကြားခဲ့သည်။

သမုဒ္ဒရာရေမျက်နှာပြင်အောက် နက်ရှိုင်းသည့်နေရာရှိ မီးတောင်လှုပ်ရှားမှုကြောင့် ပင်လယ်ရေမျက်နှာပြင်သည် ၃ ကီလိုမီတာမှ ၁၀ ကီလိုမီတာ အမြင့်အထိ မြင့်တက်လာနိုင်ပြီး၊ ယင်းတို့ကို ဆိုနာကိရိယာဖြင့် ထောက်လှမ်းသိရှိနိုင်သော်မှ သဘောၤတစ်စီးဖြင့်မူ ဖြတ်သန်းသွားမှသာလျှင် သိရှိနိုင်မည်ဖြစ်သည်။

ယင်းမီးတောင်များသည် အမြင့် ၂ ကီလိုမီတာအောက်တွင်သာရှိကြသော်လည်း သမုဒ္ဒရာအလယ်ပိုင်းရှိ ရေအောက်တောင်ကြောများအနီးတွင် ဖြစ်တည်နေကြသဖြင့် ရှာဖွေရန်ခက်ခဲလှကြောင်းသိရသည်။

ယနေ့အထိ လူသားတို့သည် ကမ္ဘာ့ရေမျက်နှာပြင် စုစုပေါင်း၏ လေးပုံတစ်ပုံခန့်ကိုသာ မြေပုံရေးဆွဲထားနိုင်သေးပြီး ရေအောက်ကမ္ဘာနှင့်ပတ်သက်၍ သိရှိရန် များစွာလိုအပ်နေသေးကြောင်း သုတေသီ Julie Gevorgian ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here