ကိုဗစ်(၁၉)ရောဂါ အတည်ပြုလူနာသစ်(၁၅၅)ဦးရှိ တွေ့ရှိမှုရာခိုင်နှုန်း ၁ ဒသမ ၂ ရှိ

0
161

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ မေ ၃ ရက်ည ၈ နာရီ၌ ထုတ်ပြန်ချက်အရ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁၅၅)ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ မေ ၂ ရက်ည ၈ နာရီမှ ၃ ရက်ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ
၁၂၈၈၅ ခုအားစစ်ဆေးခဲ့ရာမှ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁၅၅)ဦးကိုတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ(၁ ဒသမ ၂)ရာခိုင်နှုန်းဖြစ် ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)သံသယလူနာများ၊ဓာတ်ခွဲအတည်ပြုလူနာနှင့်အနီးကပ်ထိတွေ့ခဲ့သူများနှင့်အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်(၁၉)ရောဂါရှိ/မရှိ ဓာတ်ခွဲစစ် ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာလျက်ရှိရာ ယနေ့အထိ ဓာတ် ခွဲနမူနာပေါင်း(၁၀၃၉၆၉၇၀)ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၆၃၅၂၅၇)ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန် ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here