မလေးရှားတွင် ပွဲစားလိမ်လည်ခံရပြီး တောတွင်း တစ်နေရာ၌ ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသား ၂ ‌ဦး အားကူညီခဲ့ရ

0
182

ပွဲစား၏ လိမ်လည်မှုကိုခံရပြီး မလေးရှားနိုင်ငံ ကလန်းမြို့နယ်ရှိ တောအတွင်း ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသား ၂ ‌ဦး အားကူညီခဲ့ရကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ( ကွာလာလမ်ပူ-မလေးရှား ) ထံမှ သိရသည်။

ပွဲစားသည် တစ်ယောက် ရင်းဂစ် ( ၃၀၀ ) ယူပြီးလမ်းဘေးတစ်နေရာတွင် ခဏ စောင့်ရန်ပြောပြီးပေါ်မလာတော့သည့်အတွက် တောထဲတွင် ( ၂ )ရက်တိတိထမင်းမစား၊ အိပ်မရဘဲ ဒုက္ခရောက်နေကြောင်း မေလ ၃ ရက်တွင်ဆက်သွယ်လာသည့်အတွက် အကူညီပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လိမ်လည်ခံရသည့် လူငယ် ၂ ဦးမှာ နေပြည်တော်မှ ၁ ဦးနှင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ၁ ဦးဖြစ်ကြောင်း သိရသည်။

မလေးရှားရောက်ညီအစ်ကိုမောင်နှမများအနေဖြင့် ယခုအချိန်သည် အလုပ်ရှားပါးနေသည့်အတွက် အလုပ်လိုချင်ဇောနှင့် အလုပ်ရှာသည့်အခါ လူလိမ်ပွဲစားများကို အထူးသတိထားဖို့လိုအပ်ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား) က အသိပေးထားသည်။

ဓာတ်ပုံ – နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ( ကွာလာလမ်ပူ-မလေးရှား )


LEAVE A REPLY

Please enter your comment!
Please enter your name here