၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် Dhammaduta Chekinda University ပါရဂူတန်းနှင့် မဟာဝိဇ္ဇာတန်းများ၏ ဝင်ခွင့်လျှောက်လွှာများ စတင်လက်ခံ

0
167

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတက္ကသိုလ် (မှော်ဘီ)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် Dhammaduta Chekinda University ပါရဂူတန်းနှင့် မဟာဝိဇ္ဇာတန်းများ၏ ဝင်ခွင့်လျှောက်လွှာများကို စတင်လက်ခံ‌နေပြီဖြစ်‌ကြောင်း သိရသည်။

လျှောက်ထားလိုသည့် ရဟန်းတော်များအနေဖြင့် [email protected] သို့ email မှ တဆင့်‌ သော်လည်းကောင်း ဓမ္မဒူတက္ကသိုလ်ရုံးခန်း (မှော်ဘီ)သို့ ကိုယ်တိုင်ကြွရောက်၍သော်လည်းကောင်း အချက်အလက်ပြည့်စုံစွာ ဖြည့်စွက်လျှောက်ထားနိုင်ကြောင်း သိရသည်။

ဝင်ခွင့်လျှောက်လွှာတင်ရာ၌ အခက်အခဲရှိပါက ဖုန်း ၀၉ ၇၉၉၅၄၁၂၁၃ သို့ တိုက်ရိုက်ဆက်သွယ်ခြင်း၊ DCU Page Messenger သို့ဆက်သွယ်မေးမြန်းခြင်းများပြုလုပ်နိုင်ကြောင်း သိရသည်။

ထို့ပြင် သင်တန်းသား အရည်အချင်းနှင့် လိုအပ်သည့် အသေးစိတ် အချက်အလက်များအား https://bit.ly/ 3ow01k1 တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here