ရန်ကုန် ရွှေအသင်းရည်ညွှန်းဈေး (၂၄) သိန်းအထိ မြင့်တက်လာကာ (၂) ရက်အတွင်း ၇၀၀၀၀ နီးပါးမြင့်တက်လာ

0
186

ယနေ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်သည့် အခေါက်ရွှေ ရည်ညွှန်းဈေးနှုန်းမှာ (၂၄) သိန်းဝန်းကျင်အထိ မြင့်တက်လာပြီး တစ်ကျပ်သား ကျပ် ၇၀၀၀၀ နီးပါး အထိတက်လာကြောင်း သိရသည်။

ယနေ့ အသင်း၏ ရည်ညွှန်းဈေးအရ ကမ္ဘာ့ရွှေဈေးနှုန်းမှာလည်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၄၁ ထိမြင့်တက်လာသည်ကို တွေ့ရပြီး အခေါက် ရွှေတစ်ကျပ်သား၏ ရည်ညွှန်းဈေးမှာ ကျပ် ၂၄၀၄၅၀၀ သိန်းဖြစ်သည်။

ပြီးခဲ့သည့် မေလ (၂) ရက် ရွှေဈေးကွက်ပိတ်ချိန်တွင် အသင်းက ထုတ်ပြန်ခဲ့သည့် ဈေးနှုန်းများအရ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စ (၁၉၈၂) ဖြစ်ပြီး အခေါက်‌ရွှေ ရည်ညွှန်းဈေးနှုန်းမှာ ၂၃၃၅၀၀၀ ရှိကြောင်း သိရသည်။

ယင်းအတွက်‌ကြောင့် မေ (၂) က ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့ရွှေဈေးမှာ (၅၉) ဒေါ်လာ မြင့်တက်လာပြီး အခေါက်ရွှေ ဈေးနှုန်းမှာ (၇၀၀၀၀) နီးပါးအထိ မြင့်တက်လာခြင်း ဖြစ်သည်။

သင်္ကြန်ကာလအပြီးမှ စတင်ကာ ပြင်ပဈေးကွက်အတွင်း ရွှေဈေးနှုန်းတဖြည်းဖြည်းမြင့်တက်လာရာ သိန်း ၃၀ နီးပါအထိ ဈေးပေါက်နေပြီး ရွှေလုပ်ငန်းရှင်များအား (၂၉) သိန်း အောက်ဖြင့်သာ ရောင်းဝယ်ကြရန် ရန်ကုန်ရွှေအသင်းက မေတ္တာရပ်ခံထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here