ဂြိုဟ်တစ်လုံးကို မျိုချပြီးသေဆုံးနေသော ကြယ်တစ်စင်းကို ပထမဆုံးအကြိမ်တွေ့ရှိ

0
263

ဂြိုဟ်တစ်လုံးကို မျိုချကာ သေဆုံးနေသော ကြယ်တစ်စင်းကို သိပ္ပံပညာရှင်များ ပထမဆုံးအကြိမ်အဖြစ် ရှာဖွေတွေ့ရှိခဲ့ပြီး၊ ယင်းသည် နှစ်ပေါင်း ၅ ဘီလျံကာလအတွင်း ကမ္ဘာ၏ ဖြစ်လာနိုင်သော ကံကြမ္မာကို အကြိုသုံးသပ်ပေးနေခြင်းဖြစ်ကြောင်း ယင်းသိပ္ပံပညာရှင်များက မေလ ၃ ရက် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

သို့ရာတွင် နေသည် ကမ္ဘာကို ထိုသို့မျိုချသည်တွင်သော်မှ စကြဝဠာကြီး၏ ပေါက်ကွဲမှုနှင့် နှိုင်းစာပါက သေးငယ်သောအချင်းအရာတစ်ခုသာဖြစ်လာလိမ့်မည်ဟု အမေရိကန် နက္ခတ်ပညာရှင်သုတေသီများက ပြောကြားခဲ့သည်။

ကမ္ဘာတည်ရှိရာ နေစကြဝဠာကဲ့သို့ပင် မိမိတို့၏ အိမ်ရှင်ကြယ်တစ်စင်းသက်တမ်းအိုမင်းလာပြီး စွမ်းအင်ကုန်ဆုံးသွားသည့်အခါတွင် ယင်းကြယ်သည် ကြီးမားစွာဖောင်းပွကျယ်ပြန့်လာကာ သူ၏လမ်းကြောင်းတလျောက်ရှိ အရာများကို ဝါးမျိုသွားလေ့ရှိသည်ချည်းပင်ဖြစ်သည်။ ထို့နောက် ကြီးမားသော အနီရောင်ဂြိုဟ်ကြီးအဖြစ်ပြောင်းလဲသွားပြီးနောက် သေဆုံးနိဂုံးချုပ်ကြရတော့သည်ဟုလည်း သုတေသီတို့ ယုံကြည်လက်ခံထားကြသည်။

သိပ္ပံပညာရှင်များသည် ထိုသို့သော ဖြစ်စဉ်၏ အကျိုးသက်ရောက်မှုများကို ယခင်က ကြုံခဲ့ဖူးကြသော်လည်း ဂြိုဟ်တစ်ခုကို ဝါးမျိုနေသည့်ကြယ်ကိုမူ တစ်ခါမျှ မတွေ့ဖူးခဲ့ကြသေးချေ။

ယခုဖြစ်စဉ်မှာ ညဖက်ကောင်းကင်ဓာတ်ပုံများကို စစ်တမ်းကောက်ယူသည့် အချက်အလက်များအရ လွန်ခဲ့သည့် ၃နှစ်ခန့်က စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၁၀ရက်မျှကာလအတွင်း မူလထက် အဆ ၁၀၀ ကျော်တောက်ပလာသည့် ကြယ်တစ်စင်းကို သတိပြုမိရာမှ စတင်သိရှိကြခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကို စုံထောက်ဇာတ်လမ်းတွဲတစ်ခုသဖွယ် ဆက်လက်စောင့်ကြည့်လေ့လာနေကြဆဲဖြစ်ကြောင်းသိရသည်။

Ref: Star swallows planet in first glimpse of Earth’s likely end


LEAVE A REPLY

Please enter your comment!
Please enter your name here