မြန်မာအသင်း အင်ဒိုနီးရှားကို ၅ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်

0
195

ဆီးဂိမ်းစ် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (က) ပွဲစဉ်အဖြစ် မြန်မာယူ ၂၂ အသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယနေ့ မေ ၄ ရက် ညနေက ယှဉ်ပြိုင်ကစားခဲ့သည်။

ထို့သို့ယှဉ်ပြိုင်ရာတွင် မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို ၅ ဂိုး ဂိုးမရှိ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ယနေ့ပွဲစဉ်တွင် မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်း၏ တစ်ဖက်သက် ဖိအားပေးကစားခြင်းကို ခံခဲ့ရပြီး ပထမပိုင်းတွင် ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်နေခဲ့ကာ ပွဲပြီးဆုံးချိန်အထိ ချေပဂိုး ပြန်လည် မသွင်းယူနိုင်ခဲ့ဘဲ ၅ ဂိုး ဂိုး ရလဒ်ဖြင့် ပွဲပြီးဆုံးသွားခဲ့သည်။

မြန်မာအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အိမ်ရှင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တီမောအသင်းတို့နှင့် အုပ်စု(က)အတွင်း ကျရောက်နေပြီး မေလ ၇ ရက်တွင် အိမ်ရှင် ကမ္ဘောဒီးယားအသင်းနှင့် ထပ်မံ ရင်ဆိုင်ရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here