ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာသည့် ဟာလန်း

0
188

မန်စီးတီး ကစားသမား အာလင် ဟာလန်းသည် ဗုဒ္ဓဟူးနေ့ က ဆော့ကစားခဲ့သော ဝက်စ်ဟမ်း အသင်းနှင့် ပွဲစဉ်တွင် လက်ရှိရာသီအတွက် ၃၅ ဂိုးမြောက် ဂိုးကိုသွင်းယူကာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူသည့် ကစားသမား ဖြစ်လာခဲ့သည်။

ပရီးယားလိဂ် ပွဲစဉ်ပေါင်း ၃၁ ပွဲသာ ကစားရသေးသော အသက် ၂၂ နှစ်အရွယ် နော်ဝေးနိုင်ငံသားသည် အလန်ရှီးယားနှင့် အန်ဒီကိုးလ်တို့၏ စံချိန်ကို ချိုးဖျက်ကာ ယခုကဲ့သို့ တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့သည်။

ထို့ပြင် ဟာလန်းသည် သူ၏ စံချိန်ကို ထပ်မံမြှင့်တင်ရန်အတွက် နောက်ထပ် ပရီးယားလိဂ် ပွဲစဉ်ပေါင်း ၅ ပွဲ ဆော့ကစားရန် ကျန်ရှိနေသေးသည်။

အလန်ရှီးယားနှင့် အန်ဒီကိုးလ်တို့သည် ပရီးယားလိဂ် ပွဲပေါင်း ၄၂ ပွဲ၌ ဂိုးပေါင်း ၃၄ ဂိုး သွင်းယူကာ ယခင်စံချိန်ကို တင်ထားခဲ့ခြင်းဖြစ်သည်။

ဟာလန်း၏ စံချိန်အသစ်ဖြင့် မန်စီးတီးသည် အာဆင်နယ်ကို ကျော်တက်ကာ ပရီးမီးယားလိဂ်၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိသွားပြီဖြစ်သည်။

ဟာလန်းသည် မန်စီးတီးသို့ ရောက်ရှိလာသော ပထမဆုံးနှစ်မှာပင် ဂိုးပေါင်း ၅၁ ဂိုးသွင်းယူပေးထားနိုင်ပြီး မက်ဆီ၊ ရော်နယ်ဒို ကဲ့သို့ ဘောလုံးလောကတွင် နာမည်တွင်ကျယ်လာနိုင်သည့် ကစားသမား တစ်ဦးဖြစ်သည်။

Source: အယ်လ်ဂျာဇီးရာ


LEAVE A REPLY

Please enter your comment!
Please enter your name here