ဆားဘီးယား၌ စာသင်ကျောင်းတွင်းပစ်ခတ်မှုကြောင့် ကိုးဦးထက်မနည်းသေဆုံး

0
284

ဘဲလ်ဂရိတ်၊မေ ၃

ဆားဘီးယားနိုင်ငံ၏မြို့တော် ဘဲလ်ဂရိတ်မြို့ရှိ ကျောင်းတစ်ကျောင်း၌ မေလ ၃ ရက်နေ့က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျောင်းသား ၈ ဦးနှင့် လုံခြုံရေးအစောင့်တစ်ဦးအပါအဝင် စုစုပေါင်းလူ ၉ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဆရာမတစ်ဦးနှင့် ကျောင်းသားအချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

အသက် ၁၄ နှစ်အရွယ်ကောင်လေးတစ်ယောက်သည် စာသင်ခန်းထဲ၌ ၎င်း၏ဆရာအားသေနတ်နှင့်ပစ်ခဲ့ပြီး ကျောင်းသားများနှင့်လုံခြုံရေးအစောင့်များကိုပါ ပစ်ခတ်ခဲ့သည်ဟု ဝန်ကြီးဌာနကပြောကြားခဲ့ကာ အဆိုပါသတ္တမတန်းကျောင်းသားကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

မျက်မြင်ကြုံခဲ့သူကျောင်းသူတစ်ဦးကမူ အဆိုပါကောင်လေးသည် ဆရာအားဦးစွာပစ်ခတ်ပြီးမှ ကျန်သူများအားရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ရဲများ၏အဆိုအရ ၎င်းသည် ၎င်းသတ်လိုသည့်လူများအား စာရင်းပြုစုထားပြီးသားဖြစ်သည်ဟုဆိုသည်။

အဆိုပါကျောင်း၌တက်ရောက်နေသူကျောင်းသူတစ်ဦး၏ပြောကြားချက်အရ ယခုပြစ်မှုကျူးလွန်သူလူငယ်သည် မကြာသေးခင်ကမှကျောင်းပြောင်းလာသူတစ်ဦးဖြစ်ကာ လိမ္မာအေးဆေးသူတစ်ဦးလည်းဖြစ်သည်ဟုသိရသည်။

လက်ရှိအချိန်၌မူ အခင်းဖြစ်ကျောင်းအနီးပတ်ဝန်းကျင်တွင် လုံခြုံရေးများတိုးမြှင့်ချထားပြီး တာဝန်ရှိသူများက အကာအကွယ်များဖြင့် ကျောင်းပတ်ပတ်လည် ဧရိယာကိုပိတ်ဆို့ထားသည်ဟုလည်းသိရသည်။

Source :WION


LEAVE A REPLY

Please enter your comment!
Please enter your name here