အင်းစိန် မင်းဓမ္မလမ်းပေါ်တွင် အငှားကား(Taxi)မှ ဓာတ်တိုင်ဝင်တိုက်မိပြီး (၅) ဦးဒဏ်ရာရ

0
324

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ မင်းဓမ္မလမ်းပေါ်တွင် မေ (၄) ရက်ည (၉) နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ သိရသည်။

အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်းပေါ်တွင် အမျိုးသား၊ အမျိုးသမီး (၅) ဦးလိုက်ပါလာသည့် အဌားကား(Taxi)သည် ဓာတ်တိုင်အား ဝင်တိုက်မိသဖြင့် ယာဉ်ပေါ်ပါသူများထိခိုက်ဒဏ်ရာရသူများ ထိခိုက်ဒဏ်ရာရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို ရွှေရောင်သမိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်းမှ မိတ်ဖက်အသင်းများနှင့်အတူ ကူညီကယ်ဆယ်ရေး လုပ်ငန်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဖြစ်စဥ်ကို တာဝန်ရှိသူတွေ စစ်ဆေးတယ်။ ကျွန်တော်တို့ကလူနာကောက်နေရတဲ့အတွက် မမေးမိလိုက်ဘူး။ ဖုန်းသတင်းရတာနဲ့ ချက်ခြင်းသွားပြီးကူညီပေးခဲ့တာပါ။ လူနာတွေက မစိုးရိမ်ရ အနေအထားတွေပါပဲ”ဟု ရွှေရောင်သမိုင်းအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရသူ (၅) ဦးအား မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြပြီးနောက် လူမှုကူညီရေးအသင်းကားများဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here