နို့ဘီလူး ဇာတ်ကားမှ ကျော်ကျော်ထွန်း နောက်ခံတေးဂီတအကောင်းဆုံး ဆုရရှိ

0
214

၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး‌နောက်ခံတေးဂီတဆုကို နို့ဘီလူး ဇာတ်ကားဖြင့် ကျော်ကျော်ထွန်းမှရရှိခဲ့ကြောင်း သိရသည်။

ယနေ့ မေလ (၆) ရက်တွင် နေပြည်တော်၌ ကျင်းပသည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ပွဲတွင် ထူးချွန်ဆုရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် ဒါရိုက်တာ အဖြစ် လူမင်း၊ သရုပ်ဆောင်များအဖြစ် လူမင်း၊ ဇေရဲထက်၊ ရွှေမှုံရတီ၊ အကယ်ဒမီ ဒေါ်မြတ်မွန်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အကယ်ဒမီ အောင်ခိုင်၊ အကယ်ဒမီဇော််ဦး၊ ဇော်မှိုင်း၊ ဟိန်းစိုး၊ ဇေယျာအောင်၊ ကိုပေါက်၊ စမ်းစမ်း၀င်း၊ သိင်္ဂီထွန်း အပါအဝင် ဝါရင့်အနုပညာရှင်များစွာ ပါဝင်အားဖြည့်ထားသည်ကို တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here