နေအိမ်မီတာပုံးမှတဆင့် ဝါယာရှော့ဖြစ်မီးလောင်ရာမှ နေအိမ် ၉ လုံးမီးလောင်ဆုံးရှုံးခဲ့မှု ပဲခူးမြို့နယ်တွင်ဖြစ်ပွား

0
519

ပဲခူးတိုင်း၊ပဲခူးမြို့နယ်၊ဇောင်းတူကျေးရွာတွင် မေ ၇ ရပ်(ယနေ့)နံနက် ၂ နာရီခွဲကျော်ခန့်က နေအိမ်တစ်လုံး၏ မီတာပုံးမှတဆင့် ဝါယာရှော့ဖြစ်မီးလောင်ကျွမ်းခဲ့ကြောင်း ပဲခူးမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

ဇောင်းတူကျေးရွာ၊ကွင်းတန်းလမ်းရှိ နေအိမ်တစ်လုံးမှစတင်ကာ နေအိမ်အများအပြားမီးလောင်ကျွမ်းနေ၍ ပဲခူးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

“မီးငြိမ်းသွားချိန်ကို မှတ်မထားမိလိုက်ဘူးဗျ မီးငြိမ်းသွားပေမယ့် ကျွန်တော်တို့ကလောင်ပြင်မှာ မီးကြွင်းမီးကျန်မရှိအောင် လိုက်လုပ်နေရတဲ့အတွက် မှတ်မထားလိုက်မိတာလည်းပါတယ်။ ထိခိုက်ဒဏ်ရာရနဲ့သေဆုံးတာမရှိပါဘူး”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုကြောင့် စတင်လောင်ကျွမ်းခဲ့သည့် နေအိမ်အပါအဝင် နေအိမ် ၉ လုံးမီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု ပဲခူးမြို့အခြေစိုက် လူမှုကူညီရေးအသင်းများမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here