ကွန်ဂိုတွင် ရုတ်တရတ် ရေကြီးမှုကြောင့် လူ ၂၀၀ နီးပါး သေဆုံး

0
185

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းဒေသတွင် ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် လူ ၁၇၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတစ်ဦးက မေလ ၅ ရက် သောကြာနေ့တွင် ပြောကြားခဲ့သည်။

တောင်ကီဗူ ပြည်နယ်ရှိ ကလေးဟေး ဒေသတွင် မိုးများသည်းထန်စွာ ရွာသွန်းခဲ့ရာ ကြာသပတေးနေ့အရောက်တွင် မြစ်ချောင်းများ၌ ရေများပြည့်လျှံလာခဲ့ပြီး ဘူရှူရှူးနှင့် ညာမူခူဘီ ကျေးရွာများသို့ ရေများလွှမ်းမိုးလာခဲ့သည်။

ဒေသခံ အရပ်ဘက် အဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦးက ရုပ်အလောင်းပေါင်း ၂၂၇ လောင်းကို ရှာဖွေတွေ့ရှိထားသည်ဟု ပြောကြားထားသော်လည်း တောင်ကီဗူ အုပ်ချုပ်ရေးမှူး သီယို အန်ဂွာဘီဂျီ ကာဆီ ကမူ သေဆုံးသူအရေအတွက်ကို ၁၇၆ ဦးသာ သတ်မှတ်ထားပြီး ကျန်လူများကို ပျောက်ဆုံးသူစာရင်း၌ ထည့်သွင်းထားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဆောက်အအုံများ ပျက်စီးခဲ့ပြီး ကူညီကယ်ဆယ်ရေး လုပ်သားများသည်လည်း ရွှံ့နွံ့များဖြင့် ဖုံးလွှမ်းနေသော အလောင်းများကို လိုက်လံ ကောက်ယူနေရကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံဖြစ်သည့် ရာဝမ်ဒါတွင်လည်း ယခုအပတ်အတွင်း မိုးအကြီးအကျယ် ရွာသွန်းခဲ့ခြင်းကြောင့် ရေကြီးမြေပြိုမှုများဖြစ်ကာ လူ ၁၃၀ ဦး သေဆုံးခဲ့ရပြီး အိမ်ခြေ ငါး ထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်။

Source: သည်ဂါးဒီးယန်း


LEAVE A REPLY

Please enter your comment!
Please enter your name here