မြန်မာနိုင်ငံအတွက် စတုတ္ထမြောက် ရွှေတံဆိပ်ဆုအား ဗိုဗီနမ်အားကစားနည်းမှ ယနေ့ ထပ်မံရယူပေးခဲ့

0
304

ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံအတွက် စတုတ္ထမြောက် ရွှေတံဆိပ်ဆုအား ဗိုဗီနမ်အားကစားနည်းမှ မေ ၇ ရက်(ယနေ့)တွင် ထပ်မံရယူပေးနိုင်ခဲ့သည်။

ဗိုဗီနမ်အားကစားနည်း၏ အမျိုးသားနှစ်ယောက်တွဲ-အပြပြိုင်ပွဲတွင် အင်ဒိုနီးရှား၊မြန်မာ၊ဗီယက်နမ်၊ကမ္ဘောဒီးယားနှင့်လာအိုတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာ့လက်ရွေးစင် မောင်မနားကွီးနှင့်မောင်တင်ထူး‌ဇော်တို့က ရမှတ်(၂၇၀)မှတ်ဖြင့် ရွှေတံဆိပ်ဆုထပ်မံဆွတ်ခူးပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ယနေ့၌ပင် ယှဥ်ပြိုင်ကစားခဲ့သည့် ဗိုဗီနမ်အားကစားနည်း၏ အမျိုးသမီးလက်သိုင်းအပြပွဲစဉ်တွင် မမြင့်စန္ဒီကျော်မှ ကြေးတံဆိပ်ဆုယူပေးနိုင်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here