ရာသီဥတုခိုလှုံသည်ကိုအကြောင်းပြ၍ ကမ်းနီးဒေသအတွင်း ငါး/ပုစွန်ဖမ်းဆီးပါက ထိရောက်စွာအရေးယူမည်

0
212

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေ ယာဉ်များနှင့်ကမ်းနီးငါးဖမ်းရေယာဉ်များသိရှိနိုင်စေရန် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားချိန်များတွင် ငါးဖမ်းရေယာဉ်များနှင့်ရေလုပ်သားများ အန္တရာယ်ကင်းလုံခြုံစွာ လှိုင်းဒဏ်၊လေဒဏ်များခိုလှုံနိုင်ရန်အတွက် ရာသီဥတုခိုလှုံရာနေရာများအား ငါးလုပ်ငန်းဦးစီးဌာနမှ သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ သတ်မှတ်ပေးထားသော်လည်း ရာသီဥတုခိုလှုံသည်ကိုအကြောင်းပြ၍ ကမ်းနီးဒေသအတွင်း ငါး/ပုစွန်ဖမ်းဆီးခြင်းများကို စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဟု ငါးလုပ်ငန်းဦးစီးဌာနက အသိပေးထားသည်။

ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်၊မင်းဂံချောင်းအတွင်း မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၂၈ မိနစ်၊အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၅၈ မိနစ်၊ပေါက်တောမြို့နယ်၊ဖရုံဂါကျွန်း မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၀၀ မိနစ်၊အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၀၀ မိနစ်၊ကျောက်ဖြူမြို့နယ်၊ငလပွေ့ချောင်း မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၃ မိနစ်၊သံတွဲမြို့နယ်ရှိ ဆင်ခေါင်းဆိပ်ကမ်း မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၃၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၃ မိနစ်၊သဗြုချိုင် (ANDREW BAY) မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ်၊တောင်ကုတ်မြို့နယ်၊သင်္ဘောဆိပ် မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၁၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၃ မိနစ်၊ဂွမြို့နယ်၊တင်းတောကျေးရွာ အုပ်စု၊အမော်ချိုင် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၇ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၄ မိနစ်တို့တွင် ခိုလှုံရာနေရာများအဖြစ်သတ်မှတ်ပေးခဲ့သည်။

ထို့ပြင် ဧရာဝတီတိုင်း၊ငပုတောမြို့နယ်ရှိ ဟိုင်းကြီးကျွန်း(HAINGYI ISLAND) မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၅၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ်၊ချောင်းဝကျေးရွာ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၄.၄၀ မိနစ်၊ဘိုကလေးမြို့နယ်၊ကဒုံကနိကျေး ရွာ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၈ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၆ မိနစ်တို့ကိုလည်း ခိုလှုံရာနေရာများအဖြစ် သတ်မှတ်ပေးခဲ့သည်။

မွန်ပြည်နယ်၊ရေးမြို့နယ်၊ဝါးကျွန်း မြောက်လတ္တီ တွဒ် ၁၅ ဒီဂရီ ၁၁,၃၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၄ မိနစ်၊တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ဘုတ်ကျွန်း(MIDDLE MOSCOS) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၈ မိနစ်၊လောင်းလုံးဘုတ်ကျွန်း(SOUTH MOSCOS) မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၄၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၄ မိနစ်၊မြိတ်မြို့နယ်၊တနင်္သာရီကျွန်း (TANINTHARYI ISLAND) မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၃၄ မိနစ်၊အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၂ မိနစ်၊ကျွန်းစုမြို့နယ်၊ပြင်စဘုကျွန်း(PYIN SA BU ISLAND) အရှေ့ဘက်ရေပြင် မြောက် လတ္တီတွဒ် ၁၁ ဒီဂရီ ၄၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၁၅ မိနစ်တို့ကိုလည်း ခိုလှုံရာနေရာများအဖြစ် သတ်မှတ်ပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here