တက္ကဆက်ရှိရှော့ပင်းမောလ်၌ ပစ်ခတ်မှုကြောင့်လူရှစ်ဦး ထက်မနည်း သေဆုံးဟုဆို

0
168

ဒဲလ်လပ်စ်၊မေ ၇

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ ရှော့ပင်းမောလ်တစ်ခု၌ သေနတ်သမားတစ်ဦး၏ပစ်ခတ်မှုကြောင့်လူရှစ်ဦး ထက်မနည်း သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့များကပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ၏ပစ်ခတ်ဖမ်းဆီးမှုကြောင့်လည်း သေနတ်သမားအား အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းအနေဖြင့်မည်သည့်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့လုပ်သည်ကို မသိသေးကြောင်းနှင့် မည်သူမည်ဝါဖြစ်ကြောင်းကို မသိရသေးကြောင်းလည်းပြောကြားခဲ့သည်။

မျက်မြင်တွေ့သူတစ်ဦး၏ ပြောကြားချက်အရ သေနတ်သမားသည် သေနတ်ဖြင့်မြင်မြင်သမျှဝှေ့ယမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေနတ်အချက်ရေ ၂၀ ကျော်သည်ဟု ပြောကြားခဲ့သည်။

အဆိုပါပစ်ခတ်မှုဖြစ်နေစဉ် တာဝန်ရှိသူများက ဈေးဝယ်လာသူများအား ရှော့ပင်းမောလ်ထဲမှ အမြန်ဆုံးထွက်နိုင်ရန် ကူညီကယ်ဆယ်ပေးနေသည်ကို ဗီဒီယိုမှတ်တမ်းထဲ၌မြင်တွေ့နေရသည်။

ယခုကဲ့သို့အစုလိုက်အပြုံလိုက်ပစ်ခတ်မှုဖြစ်စဉ်များသည် အမေရိက၌ပိုမိုပေါများလာပြီး ယခု ၂၀၂၃ ခုနှစ်အထိပစ်ခတ်မှုပေါင်း ၁၉၈ ခုဖြစ်ပေါ်ခဲ့ကြောင်းလည်းသိရှိရသည်။

Source : အင်န်ဝိုင်တိုင်းမ်စ်/ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here