(၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် အားကစားအဖွဲ့ နိုင်ငံအလို က် ဆုတံဆိပ်ရရှိမှုတွင် အဆင့် (၇) ၌ ရပ်တည်နေ

0
343

ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်း ပလျ က်ရှိသည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားက စားပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အား ကစားအဖွဲ့သည် နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုတွင် အဆင့် (၇) တွင်ရပ် တည်လျက်ရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့သည် မေ (၆) ရက်ကထုတ်ပြန်ခဲ့သည့် နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှု စာရင်း၌ ရွှေတံဆိပ် (၃) ခု၊ ငွေတံဆိပ် (၁) ခု၊ ကြေးတံဆိပ် (၁၀) ခုစုစုပေါင်း (၁၄) ခု ဆွတ်ခူးထားကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့အတွက် ရွှေတံဆိပ်ဆုများအား မေ (၆) ရက်ကယှဥ်ပြိုင်ကစားခဲ့ကြသည်ံ ဗိုဗီနမ်အားကစားနည်း အမျိုးသား (၄) ယောက်တွဲ အပြပြိုင်ပွဲမှ အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်၊ ရာဇာထွန်း၊ အမျိုးသမီး (၂) ယောက်တွဲ အပြပြိုင်ပွဲတွင် မခိုင်ဝါဖူး၊ မမေဟန်နီအောင်လွင်၊ ပီတန်း အမျိုးသမီး (အပစ် -shooting) ပြိုင်ပွဲတွင် မခင်ချယ်ရီသက်တို့က ဆွတ်ခူးပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံအလိုက်ဆုတံဆိပ်ရရှိမှုတွင် ကမ္ဘောဒီးယားနိုင်ငံမှ ဆုတံဆိပ်ပေါင်း (၄၁) ခု၊ အင်ဒိုနီးရှားနိုင်ငံမှ (၂၆) ခု၊ ထိုင်းနိုင်ငံမှ (၃၃) ခု၊ ဖီလစ်ပိုင်နိုင်ငံမှ (၃၀) ခု၊ ဗီယက်နမ်နိုင်ငံမှ (၃၆) ခု၊ စင်ကာပူနိုင်ငံမှ (၁၀) ခု၊ မြန်မာနိုင်ငံမှ (၁၄)ခု၊ လာအိုနိုင်ငံမှ (၁၃) ခု၊ မလေးရှားနိုင်ငံမှ (၁၃) ခု၊ ဘရူနိုင်းနိုင်ငံမှ (၁) ခု၊ တီမောနိုင်ငံမှ (၁) ခုတို့ဖြင့် ရွှေတံဆိပ်ရရှိမှုပေါ်မူတည်၍ အဆင့်လိုက်ရပ်တည်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင် အားကစားအဖွဲ့သည် မေ (၇) ရက် (ယနေ့) တွင်လည်း စစ်တုရင်၊ ဗိုဗီနမ်၊ ခြင်းလုံး၊ တင်းနစ်၊ဘိလိယက်၊ ခွန်ခမာ၊ လက်ဝှေ့၊ ဘောလုံးနှင့် ဘော်လီ ဘော အားကစားနည်းများအား ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here