နမ့်စန်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်၍ နေအိမ် ၄ လုံး၊စာသင် ကျောင်း ၁ ကျောင်းနှင့်ဘုရားကျောင်းအုတ်တံ တိုင်းတို့ပျက်စီး

0
268

ရှမ်းပြည်နယ်၊နမ့်စန်မြို့နယ်တွင် မေ ၇ ရက်မွန်းလွဲ ၂ နာရီကျော်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအချို့ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်ခဲ့၍ နမ့်စန်မြို့၊အမှတ်(၄)ရပ်ကွက်ရှိ မြို့ဦးစာ သင်ကျောင်း အ.ထ.က(ခွဲ)နှင့်နေအိမ် ၂ လုံး၊နမ့်စန်မြို့နယ်၊ခိုလမ်နယ်မြေ၊နားလွယ်ကျေးရွာရှိ နေအိမ် ၂ လုံးတို့ပျက်စီးကာ ထင်းရှူးမြိုင်ကျေးရွာရှိ ဂေါ်ရခါးသီရိ ဘစ်စနူးဘုရားရှိခိုးကျောင်းရှိ အုတ်တံတိုင်းမှာလည်း ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။

“လေကအတော်ကြမ်းကြမ်းတိုက်သွားတာ အခုပျက်စီးသွားတဲ့အိမ်တွေက လေကြောင်းသင့်သွားတော့ ပျက်စီးမှုတွေဖြစ်သွားတာပါ လက်တလော အဲဒီအိမ်တွေမှာနေတဲ့လူတွေကို လိုအပ်တာတွေကူညီပေးနေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်အား ခိုလမ်နယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်ရေးနှင့်ရှင်းလင်းရေးလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here