Savings အကောင့်ကိုလူတိုင်း ဘာကြောင့်ထိန်းသိမ်းထားဖို့ လိုအပ်ပါသလဲ

0
214

အရေးပေါ်အသုံးပြုရန်ငွေ – Savings အကောင့်သည် အရေးပေါ်ငွေအဖြစ် အသုံးပြုနိုင်ပြီး ကားပြုပြင်ခြင်း၊ ကျန်းမာရေးဆိုင်ရာ ကုန်ကျစရိတ်များ သို့မဟုတ် အိမ်ပြုပြင်ခြင်းကဲ့သို့သော မမျှော်လင့်ထားသော အသုံးစရိတ်များအတွက် အသင့် ကူညီပေးနိုင်ပါသည်။ လစဉ်ဝင်ငွေ၏ အစိတ်အပိုင်းတစ်ခုကို Savings အကောင့်ထဲတွင်စုထားခြင်းဖြင့် ငွေရေးကြေးရေး အရေးပေါ်အခြေအနေများကို ကြံ့ကြံ့ခံနိုင်စေမည့် ကိုယ်ပိုင်ရန်ပုံငွေတစ်ခုကို တည်ဆောက်နိုင်ပါသည်။

အတိုးရငွေ – Savings အကောင့်အတိုးနှုန်းသည် စာရင်းသေအပ်ငွေနှင့်ယှဉ်လျှင် အလွန်မြင့်မားမည်မဟုတ်သော်လည်း AGD ဘဏ်ရဲ့ AGD EZY Savings အကောင့်သည် အတိုးနှုန်း 8.5% p.a သတ်မှတ်ထားပြီး အတိုးကိုလစဉ်ရရှိခြင်း၊ အချိန်မရွေး ငွေပမာဏ အကန့်အသတ်မရှိ ထုတ်ယူနိုင်ခြင်း AGD MPU Debit ကတ်ဖြင့်ချိတ်ဆက်ကာ ကတ်ဖြင့်ငွေပေးခြေမှုများကို လုံခြုံစိတ်ချစွာပြုလုပ်နိုင်ခြင်း၊ ATM စက်များတွင် အချိန်မရွေးငွေသားထုတ်ယူသုံးစွဲနိုင်ခြင်းတို့၏ ပေါင်းစပ်အကျိုးသက်ရောက်မှုသည် များစွာအထောက်အကူပြုမည်ဖြစ်ပါသည်။

ပန်းတိုင်များသတ်မှတ်ခြင်း – Savings အကောင့်တစ်ခုရှိခြင်းသည် အိမ်၊ အပန်းဖြေခရီး သို့မဟုတ် ကလေး၏ပညာရေးအတွက် ငွေစုခြင်းကဲ့သို့သော ငွေရေးကြေးရေးပန်းတိုင်များကို သတ်မှတ်ပြီး အောင်မြင်စေရန် လည်းအထောက်အကူပြုပါသည်။ Savings အကောင့်သို့ ပုံမှန်ငွေစုခြင်းဖြင့်၊ ပန်းတိုင်များများဆီသို့ တည်ငြိမ်သောတိုးတက်မှုဖြင့် ရောက်ရှိနိုင်ပါသည်။

AGD EZY Savings အကောင့်ရှိခြင်းသည် ငွေကြေးတည်ငြိမ်မှုတည်ဆောက်ရန် အရေးပေါ်ရန်ပုံငွေအတွက် စုဆောင်းနေသည်ဖြစ်စေနှင့် အနာဂတ်အတွက်ပြင်ဆင်ရန် တိကျသောပန်းတိုင်များဆီသို့ ရောက်အောင် လုပ်ဆောင်နေသည်ဖြစ်စေ သင့်ငွေစုအပေါ် အတိုးပုံမှန်ရယူရင်း ကတ်အသုံးပြုလိုသည်ဖြစ်စေ များစွာအထောက်အကူပြုစေပါသည်။

#Thebankthatgrowswithyou

#AGDEZYSavings


LEAVE A REPLY

Please enter your comment!
Please enter your name here