ရုရှားက ယူကရိန်းကို လေကြောင်းစစ်ဆင်ရေးအသစ်ဖြင့် စတင်တိုက်ခိုက်

0
690

ရုရှားနိုင်ငံ၌ နာဇီဂျာမနီကို အောင်ပွဲခံသည့်နေ့ဖြစ်သည့် မေလ ၉ ရက်နေ့တွင် ယူကရိန်းကို လေကြောင်းစစ်ဆင်ရေးအသစ်ဖြင့် ရုရှားက စတင်တိုက်ခိုက်လိုက်သည်။ မေလ၉ ရက်နေ့သည် နိုင်ငံ၏ အထင်ရှားဆုံး အများပြည်သူရုံးပိတ်ရက်များထဲမှ တစ်ခုဖြစ်သည်။

ယူကရိန်းနိုင်ငံတစ်ဝှမ်းတွင် လေကြောင်းစီးနင်းမှုဆိုင်ရာ ဥသြသံများ ယနေ့ နံနက်အစောပိုင်းကတည်းက ထွက်ပေါ်နေခဲ့သည်။

“ရုရှားတို့သည် အထူးသဖြင့် Kharkiv၊ Kherson၊ Mykolaiv နှင့် Odesa ဒေသများရှိ မြို့များသို့ ဒုံးကျည်များ ၁၆ ကြိမ်ထက်မနည်း ပစ်လွှတ်ခဲ့ကြောင်း” ဟု ယူကရိန်းတပ်မတော် စစ်ဦးစီးချုပ်က ၎င်း၏နေ့စဉ်သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အိုဒီဆာမြို့ရှိ စားသောက်ကုန်ဂိုဒေါင်တစ်ခု မီးလောင်ခဲ့ပြီး အခြားယူကရိန်းဒေသအများအပြားတွင်လည်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ယူကရိန်းအရာရှိများက ပြောကြားခဲ့သည်။

ရုရှားက ပစ်လွှတ်ခဲ့သော အီရန်လုပ် Shahed မောင်းသူမဲ့လေယာဉ် ၃၅ စီးကို မိမိတို့က ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ကြေညာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here