ဗိုဗီနမ်နှင့်ခြင်းလုံးအားကစားနည်းတို့မှ ရွှေတံဆိပ် ၃ ခုအပါအဝင် ဆုတံဆိပ် ၁၃ ခုအား မြန်မာနိုင်ငံအတွက် ထပ်မံဆွတ်ခူးပေးနိုင်ခဲ့

0
270

မြန်မာနိုင်ငံအတွက် ဗိုဗီနမ်နှင့်ခြင်းလုံးအားကစားနည်းတို့မှ ရွှေတံဆိပ် ၃ ခုအပါအဝင် ဆုတံဆိပ် ၁၃ ခုအား မေ ၈ ရက်တွင် မြန်မာ့လက်ရွေးစင်အားကစားသမားများက ထပ်မံဆွတ်ခူးပေးနိုင်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်း ပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိရာမှ ဆွတ်ခူးပေးနိုင်ခဲ့ခြင်းဖြစ် သည်။

ရွှေတံဆိပ်ဆုများအား ဗိုဗီနမ်အားကစားနည်း၏ (ခွန်ဘိုကာတာ ၁+၂ အတွဲအတိုက်)ပြိုင်ပွဲမှ မြန်မာ့လက်ရွေးစင်များဖြစ်သည့် မောင်ပိုင်ဇေယျာဖြိုး၊မောင်အံ့ဘွယ်ငြိမ်းနှင့်မနီ လာစိုးဦး၊ ဗိုဗီနမ်အားကစားနည်း၏ (အမျိုးသားဓားတစ်လက်အပြ)ပြိုင်ပွဲမှ မြန်မာ့လက်ရွေးစင် မောင်အိုက်စိုးလင်းမှ ဆွတ်ခူးပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၃ ခုမြောက် ရွှေတံဆိပ်ဆုအား ခြင်းလုံးအားကစားနည်း၏(အမျိုးသား+အမျိုးသမီး- linking Event 3) ဗိုလ်လုပွဲတွင် မြန်မာ့လက်ရွေး စင်အသင်းမှ လာအိုအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့ပြီးနောက် (၄၅၉)မှတ်ဖြင့် ရွှေတံဆိပ်ဆုရရှိခဲ့ခြင်းဖြစ်သည်။

ထို့အတူ ဗိုဗီနမ်အားကစားနည်း၏(အမျိုးသားတုတ်ရှည်အပြ)၊ဗိုဗီနမ်အားကစားနည်း၏(ခွန်ဘိုကာတာ-ဓါးကောက်စွမ်းရည်ပြ)၊ဗိုဗီနမ်အားက စားနည်း၏(အမျိုးသမီးဓားမောက်အပြ)၊ခြင်း လုံးအားကစားနည်း၏(အမျိုးသား-linking Event 3)၊ခြင်းလုံးအားကစားနည်း၏(အမျိုးသမီး- linking Event 3)တို့မှလည်း ငွေတံဆိပ်ဆုများရရှိခဲ့သည်။

ထို့ပြင် ဗိုဗီနမ်အားကစားနည်းများ၏ ခွန်ဘိုကာတာ- ဓါးကောက်စွမ်းရည်ပြ၊ မျိုးသားဓား‌မြှောင်အတိုက်အပြ၊ ခွန်ဘိုကာတာ-အမျိုးသမီးသုံးယောက်တွဲစွမ်းရည်ပြ၊ ခွန်ဘိုကာတာ-အမျိုးသား ၁+၁ အတွဲအတိုက်၊ ကျား+မအတွဲ – Female self defense တို့မှလည်း ကြေးတံဆိပ်ဆုများဆွတ်ခူးပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့သည် မေ ၈ ရက်ပြိုင်ပွဲများပြီးဆုံးချိန်အထိ ရွှေတံဆိပ် ၈ ခု၊ ငွေတံဆိပ် ၇ ခု၊ ကြေးတံဆိပ် ၂၃ ခု(စုစု ပေါင်း ၃၈ ခု)ဆွတ်ခူးထားပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here