ကိုဗစ်(၁၉)ရောဂါအတည်ပြုလူနာသစ် ၁၄၆ ဦးထပ်တွေ့

0
157

ကျန်းမာရေးဝန်ကြီးဌာနမှ မေ ၇ ရက်ည ၈ နာရီမှ ၈ ရက်ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၁၄၀၇ ခုအားစစ်ဆေးခဲ့ရာမှ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၄၆)ဦးကိုတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာ ခိုင်နှုန်းမှာ(၁ ဒသမ ၂၈)ရာခိုင်နှုန်းဖြစ်ကြောင်း မေ ၈ ရက်ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)သံသယလူနာများ၊ဓာတ်ခွဲအတည်ပြုလူနာနှင့်အနီးကပ်ထိတွေ့ခဲ့သူများနှင့်အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်(၁၉)ရောဂါရှိ/မရှိ ဓာတ်ခွဲစစ် ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာလျက်ရှိရာ ယနေ့အထိ ဓာတ် ခွဲနမူနာပေါင်း(၁၀၄၅၁၂၆၅)ခုအားစစ်ဆေးခဲ့ပြီးဖြစ်ရာ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၆၃၆၁၇၇)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီး ခြားထားရှိခြင်းနှင့်ဆေးရုံများတွင်သီးခြားထားရှိကုသမှုပေးခြင်းများဆောင်ရွက်ခဲ့၍ ယနေ့အထိပြန်လည်ကောင်းမွန်လာသူ(၆၁၅၃၀၇)ဦးရှိပြီဖြစ်ကာ ယနေ့အထိသေဆုံးသူ(၁၉၄၉၂)ဦးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here