“မိုချာ” မုန်တိုင်းဒဏ်ခံစားရနိုင်သည့် မြန်မာပြည်သူများအတွက် ထိုင်းနိုင်ငံရောက် မြန်မာများမှ အသင့်စားခေါက်ဆွဲခြောက်ထုပ်များလှူဒါန်း

0
444

“မိုချာ”မုန်တိုင်းဒဏ်ခံစားရနိုင်သည့် မြန်မာပြည်သူများအတွက် အရေးပေါ် အသုံးပြုနိုင်ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ စုပေါင်းကာ အသင့်စားခေါက်ဆွဲခြောက်ထုပ်များ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံသားများ စုပေါင်းလှူဒါန်းသည့် ထိုင်းဘတ်ငွေ(၁၀၇၇၂၆၃)တန်ဖိုးရှိ အသင့်စားခေါက်ဆွဲခြောက်ထုပ်(၁၅၈၆၄၀) ထုပ်နှင့် ပတ်သက်သည့် အထောက်အထားများအား မေ (၈) ရက်နေ့လည် (၃) နာရီက လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်ထံသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒု – ဝန်ကြီးဦးကျော်မျိုးထွဋ်မှလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

လှူဒါန်းထားသည့် အသင့်စား ခေါက်ဆွဲခြောက်ထုပ်များအားမြဝတီမြို့မှ ရန်ကုန်မြို့သို့ ကား(၂)စီးဖြင့်သယ်ဆော င်လာခဲ့ပြီး မေ (၈) ရက် နေ့လယ်ပိုင်းတွင် ရောက်ရှိလာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဖြိုးဝင်းမှ ရန်ကုန်တိုင်း‌ ဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦး စီးဌာန၊ ရန်ကုန်တိုင်းဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးသန်းစိုးတို့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရည်။


LEAVE A REPLY

Please enter your comment!
Please enter your name here