နေမှ သံလိုက်မုန်တိုင်း ကမ္ဘာသို့ရိုက်ခတ်မည်

0
272

နေမျက်နှာပြင်ပေါ်တွင်ဖြစ်ပွားနေသော ဘူမိသံလိုက်မုန်တိုင်းတစ်ခုမှ ပလာစမာအမှုန်အမွှားများသည် တစ်နာရီလျှင် ကီလိုမီတာသန်းပေါင်းများစွာသောမြန်နှုန်းဖြင့် အာကာသကိုဖြတ်သန်းလာပြီး ကမ္ဘာအပါအဝင် နေမိသားစုဝင် ဂြိုဟ်များကို ရိုက်ခတ်နိုင်ဖွယ်ရှိကြောင်း အမေရိကန်အာကာသအေဂျင်စီ နာဆာက သတင်းထုတ်ပြန်ထားသည်။

ယင်းသံလိုက်မုန်တိုင်းသည် နေမှ ပလာစမာအမှုန်အမွှားများကိုသယ်ဆောင်လာပြီး ရေဒီယိုအသံလွှင့်မှုများကို နှောင့်ယှက်နိုင်ကာ၊ နေရာပြောင်းရွှေ့ပျံသန်းသော ငှက်များအပေါ်လည်း နှောင့်ယှက်မှုများရှိနိုင်ကြောင်းသိရသည်။

အဆိုပါ ဘူမိသံလိုက်မုန်းတိုင် မေလ ၇ ရက်နေ့က စတင်ပြင်းထန်လာခြင်းဖြစ်ပြီး၊ ထိုသို့ဖြစ်ပွားလာရခြင်းမှာ အလွန်ပူပြင်းသော ပလာစမာအလွှာနှင့် သံလိုက်စက်ကွင်းများ၏ ကြီးမားသောပေါက်ကွမှုများကြောင့်လည်းဖြစ်သည်။

ယင်း ပလာစမာအမှုန်အမွှားများသည် ဘီလျံတန်ပေါင်းများစွာ အလေးချိန်ရှိသော်လည်း မယုံနိုင်လောက်သော အရှိန်အဟုန်ဖြင့် အာကာသထဲတွင် လွင့်စင်သွားကြကာ၊ တစ်နာရီလျှင် ကီလိုမီတာ ၃ သန်းခန့် မြန်နှုန်းအထိ ရှိနိုင်ကြောင်း နာဆာကဆိုသည်။ ကမ္ဘာမြေသို့ ရိုက်ခတ်ရာတွင် သက်ရောက်မှုအမျိုးမျိုးကိုဖြစ်ပေါ်စေနိုင်ကြောင်းလည်း နာဆာကဆိုထားသည်။

Ref: Geomagnetic storm from Sun to hit Earth. Migratory birds, satellites most vulnerable


LEAVE A REPLY

Please enter your comment!
Please enter your name here