ခြင်းလုံးနှင့်ဘိလိယက်အားကစားနည်းတို့မှ ရွှေတံဆိပ် ၃ ခုအပါအဝင် ဆုတံဆိပ် ၉ ခုထပ်မံဆွတ်ခူးပေး

0
269

ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိသည့် မြန်မာအားကစားအဖွဲ့သည် မေ ၉ ရက်ကယှဥ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲများအနက် ခြင်းလုံးနှင့်ဘိလိယက်အားကစားနည်းတို့မှ ရွှေတံဆိပ် ၃ ခုအပါအဝင် ဆုတံဆိပ် ၉ ခုထပ်မံဆွတ်ခူးပေးခဲ့သည်။

ရွှေတံဆိပ်ဆုများအား ခြင်းလုံးအားကစားနည်း၏ Non Repetition Secondary Event 4 (အမျိုးသား)၊ Non Repetition Secondary Event 4 (အမျိုးသမီး)၊ ဘိလိယက်အားကစားနည်း၏ English Billiards Singles တို့မှ ဆွတ်ခူးပေးခဲ့ခြင်းဖြစ်သည်။

ဗိုဗီနမ်အားကစားနည်းမှ ငွေတံဆိပ် ၁ ခု၊ကြေးတံဆိပ် ၄ ခု၊ဘိလိယက်အားကစားနည်းမှ ကြေးတံဆိပ် ၁ ခုတို့ကိုလည်း မြန်မာ့လက်ရွေးစင်အား ကစားသမားများက ဆွတ်ခူးပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့သည် မေ ၉ ရက်ပြိုင်ပွဲများပြီးဆုံးချိန်အထိ ရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ် ၈ ခု၊ ကြေးတံဆိပ် ၂၈ ခု(စုစုပေါင်း ၄၇ ခု)ဆွတ်ခူးထားပြီးဖြစ်ကြောင်း သိရသည်။

မေ ၁၀ ရက်(ယနေ့)တွင်လည်း မြန်မာ့လက်ရွေးစင်အားကစားသမားများသည် ဝူရှူး၊ပီတန်း၊ပိုက်ကျော်ခြင်း၊ကြက်တောင်၊တင်းနစ်၊ဘိလိယက်၊လက်ဝှေ့၊ခွန်ခမာ၊ဘော်လီဘော၊ဘောလုံး၊ပြေးခုန်ပစ်၊ခရစ်ကက် အားကစားနည်းများအားဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here