ဂျူဂျစ်ဆုပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်၍ ဆုတံဆိပ်များ ဆွတ်ခူးခဲ့သော ဖေ့စ်ဘွတ်ခ်ပိုင်ရှင် မက်ခ် ဇူကာဘတ်

0
365

ဖေ့ဘွတ်ခ် တည်ထောင်သူ ဘီလျံနာသူဌေးကြီး မက်ခ် ဇူကာဘတ် သည် မကြာသေးမီက ကလီဖိုးနီးယားပြည်နယ်၊ ရက်ဒ်ဝုဒ် မြို့တွင် ကျင်းပခဲ့သည့် ဘရာဇီးရိုးရာ ကိုယ်ခံပညာဖြစ်သည့် ဂျူဂျစ်ဆု ပြိုင်ပွဲ၌ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ကာ ရွှေနှင့် ငွေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ဇူကာဘတ်သည် နည်းပညာပိုင်းဆိုင်ရာမှာ သာမက ကိုယ်ခံပညာမှာပါ ကျွမ်းကျင်သူဖြစ်ကြောင်းကို ထိုပြိုင်ပွဲ၌ သက်သေပြခဲ့ပုံရသည်။

ထိုအကြောင်းကို ဇူကာဘတ်သည် သူပိုင်ဆိုင်သည့် အင်စတာဂရမ် အက်ပ်ပေါ်တွင် ပို့စ်တင်၍ ကြွားခဲ့သည်။ “ကျွန်တော်ဘဝရဲ့ ပထမဆုံး ဂျူဂျစ်ဆုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီး ဂေါ်ရီလာ ဂျူဂျစ်ဆုအသင်းအတွက် ဆုတံဆိပ်အချို့ ဆုဆွတ်ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်ကို လေ့ကျင့်သင်ကြားပေးတဲ့ ဒေ့ဗ် ကာမာရီယို၊ ခိုင်ဝူနဲ့ အင်းထန့်စ် ဝမ်းတို့ကိုလည်း ကျေးဇူးတင်ရှိပါတယ်” ဟု ဘီလျံနာကြီးက ရေးသားခဲ့သည်။

ဇူကာဘတ်၏ ပို့စ်သည် ချက်ချင်းဆိုသလို နာမည်ကြီးသွားပြီး လိုက်ခ် ၄ သိန်းနှင့် မှတ်ချက် တစ်သောင်း ကျော်ရရှိခဲ့သည်။ အချို့နာမည်ကြီး ဆယ်လီများကပါ အဆိုပါပို့စ်အောက်တွင် မှတ်ချက်များ ရေးသား၍ ဂုဏ်ပြုကြခဲ့သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here