မြန်မာ – ထိုင်းနယ်စပ် ကုန်သွယ်ရေးမှ ကန်ဒေါ်လာ သန်း ၄၀၀ နီးပါးရရှိထား

0
253

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီတစ်လတာ ကာလအတွင်း မြန်မာ – ထိုင်းနယ်စပ် ကုန်သွယ်ရေးမှ ကန်ဒေါ်လာ သန်း ၄၀၀ နီးပါးရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

အဆိုပါ ကာလအတွင်း မြန်မာ – ထိုင်းနယ်စပ် ကုန်သွယ်ရေးတွင် မြဝတီကုန်သွယ်ရေးစခန်းနှင့် ထီးခီးကုန်သွယ်ရေးစခန်းတို့မှ အများဆုံးကုန်သွယ်မှု ပြုလုပ်ထားကြောင်း သိရသည်။

ထို့အပြင် ယင်းကာလအတွင်း မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်ရေးထက် မြန်မာ – ထိုင်းနယ်စပ် ကုန်သွယ်ရေးသည် မြင့်တက်နေကြောင်း စီးပွားကူးသန်း၏ ကုန်သွယ်မှု စာရင်းများအရ သိရသည်။

ထိုင်း – မြန်မာ နယ်စပ် ကုန်သွယ်ရေးမှ မြန်မာ့လယ်ယာထွက်ကုန်များဖြစ်သည့် ပြောင်း၊ ရော်ဘာ၊ ငရုတ်၊ ပဲ၊ အာလူး၊ ကြက်သွန်နှင့် ရေထွက်ကုန်ဖြစ်သည့် ငါး၊ ပုဇွန်၊ ဂဏန်းများကို ထိုင်းနိုင်ငံသို့ အဓိက တင်ပို့နေပြီး ထိုင်းနိုင်ငံမှ CMP အထည်အလိပ်၊ ဆေးဝါး နှင့် ဆက်စပ်ပစ္စည်း၊ စိုက်ပျိုးရေးသုံးနှင့် စက်ရုံသုံးကုန်ကြမ်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ပစ္စည်း၊ စက် နှင့် စက်အပိုပစ္စည်း၊ စားသောက်ကုန် အစရှိသည်တို့ကို အများဆုံး တင်သွင်းနေကြောင်း သိရသည်။

လတ်တလော ကာလအတွင်း သွင်းကုန်ပစ္စည်းများ တင်သွင်းရာတွင် စိစစ်မှုများပြုလုပ်၍ သွင်းကုန်အချို့ကန့်သတ်မှုတွေရှိလာနိုင်ကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here