ဂရင်းလန်ကျွန်းရှိ ရေခဲတောင်ကြီးတစ်ခု လျှင်မြန်စွာ အရည်ပျော်နေခြင်းကို သိပ္ပံပညာရှင်တို့ လေ့လာသိရှိ၊ ပင်လယ်ရေပြင် မြင့်တက်လာနိုင်ဟုဆို

0
239

University of California, Irvine (UCI) နှင့် NASA ၏ Jet Propulsion Laboratory တို့မှ သုတေသီများသည် ဂရင်းလန်ကျွမ်း အနောက်မြောက်ဘက်ရှိ ပီတာမန်းရေခဲတောင်ကြီး ထိတ်လန့်ဖွယ်လျှင်မြန်စွာ အရည်ပျော်နေမှုကို မကြာသေးမီက လေ့လာသိရှိခဲ့သည်။ ရေခဲတောင်နှင့် ပင်လယ်သမုဒ္ဒရာတို့၏ အပြန်အလှန်အကျိုးသက်ရောက်မှုအရ ပင်လယ်ရေပြင်မြင့်တက်လာဖွယ်ရှိကြောင်း သုတေသီတို့ကဆိုကြသည်။

လက်ရှိအားဖြင့်မူ ရာသီဥတုလေ့လာရေးအသိုက်အဝန်းအနေဖြင့် အနာဂတ်ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုတွင် ဝင်ရိုးစွန်းရေခဲများ ယိုယွင်းလာမှု၏ အကျိုးသက်ရောက်မှုကို သိသိသာသာ လျှော့တွက်နေကြသော်လည်း၊ ယခုအရေးကြီးသောရှာဖွေတွေ့ရှိမှုက ရာသီဥတုပြောင်းလဲမှုနှင့် ၎င်း၏အကျိုးဆက်များသည် လက်ရှိခန့်မှန်းထားမှုများထက် ပိုမိုကျယ်ပြန့်စွာသက်ရောက်မှုရှိနိုင်ကြောင်း သိပ္ပံပညာရှင်များအား ပိုမိုနားလည်လာစေခဲ့သည်။

သိပ္ပံပညာရှင်အဖွဲ့သည် ပီတာမန်းရေခဲတောင်မှ ရေခဲများ ခွဲထွက်ပြီး သမုဒ္ဒရာထဲတွင် စတင်မျောပါသည့် အပြုအမူကို ပိုင်းခြားစိတ်ဖြာရာတွင် ဥရောပမစ်ရှင်သုံးခုမှ ဂြိုလ်တုရေဒါအချက်အလက်များကို အသုံးပြုခဲ့သည်။

ရှေးယခင်ယုံကြည်ချက်များနှင့် ဆန့်ကျင်စွာပင်၊ ဒီလှိုင်းစက်ဝန်းအတွင်း အရည်ပျော်မှုဖြစ်စဉ်သည် သိသိသာသာပြောင်းလဲနေကာ ပူနွေးသောပင်လယ်ရေများက ရေခဲများထဲသို့စိမ့်ဝင်နေပြီး အရည်ပျော်မှုကို အရှိန်မြှင့်ပေးကြောင်း ၎င်းတို့တွေ့ရှိခဲ့သည်။ တွေ့ရှိချက်များကို Proceedings of National Academy of Sciences မှထုတ်ဝေသည့် စာတမ်းတစ်စောင်တွင် အသေးစိတ်ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here