သတ်မှတ်ကာလအတွင်း လိုင်စင်လျှောက်ထားခြင်းမရှိသည့် လက်နက်/ခဲယမ်းများအား ဖော်ထုတ်ဖမ်းဆီးအရေးယူမည်

0
195

နစက မှ လူပုဂ္ဂိုလ်လုံခြုံရေးအတွက် တရားမဝင်လက်နက်/ခဲယမ်းကိုင်ဆောင်မှုများ လျော့နည်းပပျောက်စေရန်၊ တစ်လွဲအသုံးပြုမှုများမဖြစ်ပေါ်စေရန် လက်နက်/ခဲယမ်းကိုင်ဆောင်ခွင့်မူနှင့်အညီ စနစ်တကျလိုင်စင်ထုတ်ပေးရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ လက်နက်/ခဲယမ်း ကိုင်ဆောင်ခွင့် လိုင်စင်လျှောက်ထားရာတွင် လျှောက်ထားသည့် သေနတ်အား မည်သို့ မည်ပုံရရှိသည်ကို စစ်ဆေးမေးမြန်းသွားမည် မဟုတ်ဘဲ လျှောက်ထားလိုသည့် လက်နက်/ခဲယမ်းနှင့်အတူ အပ်နှံလျှောက်ထားရမည် ဖြစ်သည်။

ယင်းသို့ လျှောက်ထားလာပါက တာဝန်ရှိသူများမှ လက်နက်/ခဲယမ်းကိုင်ဆောင်ခွင့်မူနှင့် အညီစိစစ်၍ သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား လိုင်စင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ လက်နက်/ခဲယမ်း ကိုင်ဆောင်ခွင့်လိုင်စင်လျှောက်ထားရာတွင် သတ်မှတ်ပေးမည့် ကာလအတွင်း လိုင်စင်လျှောက်ထားခြင်းမရှိပါက ဖော်ထုတ်ဖမ်းဆီးကာ ထိရောက်စွာအရေးယူသွားမည်ဟု နစက ကအသိပေးထား သည်။

မြန်မာနိုင်ငံမှာ အရပ်သား လက်နက်ကိုင်ဆောင်မှုကို ခွင့်ပြုပေးဖို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်မှာ နစက က တရားဝင် အတိအလင်း ထုတ်ပြောခဲ့ပြီး ကန့်သတ်ချက်များနှင့် လိုင်စင်လျှောက်ထားခွင့်ပြုမည့်အကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားသည်။

အစိုးရအနေနဲ့ အရပ်သား ပြည်သူတွေကို လိုင်စင်လျှောက်ကာ ကိုင်ဆောင်ခွင့်ပြုမည့် လက်နက်များ အမျိုးအစား ငါးခုရှိပြီး ၉ မမ နှင့် ၎င်းထက်ပြောင်းဝငယ်သည့် ဆုံလည်သေနတ်၊ ပစ္စတိုသေနတ်၊ ၁၂ ဘိုးနှင့် ၎င်းထက် အဝငယ်သည့် ပြောင်းချောသေနတ်၊ အမဲလိုက်သေနတ်၊ လေသေနတ်များ ပါဝင်သည်။

ထို့အပြင် ပါမစ်နှင့် ကိုင်ဆောင်ခွင့်ပြုမည့် သေနတ် အမျိုးအစားမှာ ၉ မမနှင့် ၎င်းထက် ပြောင်းဝကျယ်သည့် ပစ္စတို၊ ရိုင်ဖယ်နှင့် စက် သေနတ်အငယ်စားများ ပါဝင်ကြောင်း နစကက တရားဝင် သတင်း ထုတ်ပြန်ထားပြီး ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here