နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရန် အလေးထားဆောင်ရွက်သွားမည်

0
163

နိုင်ငံတော်၏ GDP တိုးတက်လာ‌ရေးအတွက် စိုက်ပျိုးရေးကဏ္ဍသည်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်နေသဖြင့် စိုက်ပျိုးကဏ္ဍကို ဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၌ မေလ (၁၀) ရက်က ကျင်းပသည့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံ့စီးပွားမြှင့်တင်ဖို့အတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အလေးထားဆောင်ရွက်သွားပါမယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများလိုအပ်ကာ စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ထုတ်လုပ်မှုကို မြှင့်တင်ပေးရမည်ဟု ဆိုသည်။

လယ်ယာစိုက်ပျိုးခြင်းနှင့် ဆီထွက်သီးနှံများအပြင် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းသည်လည်း နိုင်ငံအတွက် ဝင်ငွေပိုမိုရရှိစေမည်ဖြစ်ဟုလည်း ၎င်းကဆိုသည်။

“စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေနဲ့ ပတ်သက်ရင် ပြည်သူတွေ အသိပညာအားနည်းတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ပညာပေးလုပ်ငန်း ဆောင်ရွက်နေသူတွေအနေဖြင့် ပညာရှင်ဆန်ဆန်ရေးသားတာ၊ ထုတ်လွှင့်တာတွေထက် လူအများနားလည်နိုင်တဲ့ အသုံးအနှုန်းတွေနဲ့ ပညာပေးဆောင်ရွက်ဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

မြန်မာနိုင်ငံအနေတွင် ရေခံမြေခံကောင်းများရှိပြီးဖြစ်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကာ စိုက်ပျိုးရေးထုတ်ကုန်များအား ယခင်ထက် ပိုမိုထုတ်လုပ်နိုင်ပါက ပြည်ပသို့ ပို့ကုန်များ ပိုမိုတင်ပို့နိုင်မည်ဖြစ်၍ နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိလာကာ နိုင်ငံ့စီးပွားများ ပိုမိုတိုးတက်လာမည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here